ရုရှားနဲ့ နယ်သာလန်မှာ ရောင်းပေးတော့မယ့် Honor 9X

[Unicode]

ဥရောက Honor Fans တွေအတွက် ဝမ်းသာစရာ သတင်းပါ။ ကုမ္ပဏီက ဒီလ ၁၇ ရက်မှာ ရုရှားမှာ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ နောက်တစ်ပတ်မှာ နယ်သာလန်မှာ ဝယ်ယူနိုင်မှာပါ။ ဒါပေမယ့် တရုတ်မှာ ရောင်းပေးထားတဲ့ မော်ဒယ်နဲ့ ဥရောပမှာ ရောင်းမယ့် မော်ဒယ်မှာ ကွဲပြားချက် အနည်းငယ်ရှိပါတယ်။ ဥရောပ မော်ဒယ်မှာ Kirin 810 Processor အစား Kirin 710F ထည့်ထားတာက အားနည်းသွားပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက် အစား ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။

Honor 8X ဟာ ကုမ္ပဏီရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း စီးရီး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ မျိုးဆက်သစ် Honor 9X ဟာလည်း သူ့ရဲ့ အမွေကို ဆက်ခံနေပါတယ်။ Honor 9X ဟာ Honor 8X ထက်တောင် တရုတ်မှာ ရောင်းအား ပိုသွက်နေပါတယ်။ ကုမ္ပဏီက Honor 9X ဟာ စရောင်းတဲ့ ရက်မှာပဲ အလုံးရေ ၃ သိန်း ရောင်းချနိုင်ခဲ့တယ်လို့ ဇူလိုင်လကုန်က ကြေညာခဲ့ပါတယ်။ Honor 9X ဟာ အလုံးရေ ၁ သိန်းရောင်းချရာမှာ Honor 8X ထက် ၂ ဆလောက်မြန်သွားပါတယ်။

Honor 9X နဲ့ 9X Pro အတွက် ပထမဆုံး Flash Sale ကို ဇူလိုင်လနှောင်းပိုင်းက စတင် ရောင်းချပေးခဲ့ပြီး ၂ မိနစ်အတွင်းမှာ အလုံးရေ တစ်သိန်း ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ Honor 8X ကို စတင် ရောင်းချစဉ်ကထက် ၂ ဆလောက်ပိုမြန်စွာ ရောင်းချနိုင်ခဲ့တယ်လို့ Honor က ပြောပါတယ်။

Ref : gizmochina

[Zawgyi]

ရုရွားနဲ႔ နယ္သာလန္မွာ ေရာင္းေပးေတာ့မယ့္ Honor 9X

ဥေရာက Honor Fans ေတြအတြက္ ၀မ္းသာစရာ သတင္းပါ။ ကုမၸဏီက ဒီလ ၁၇ ရက္မွာ ရုရွားမွာ ေရာင္းမယ္လို႔ ေၾကညာလိုက္ပါတယ္။ ေနာက္တစ္ပတ္မွာ နယ္သာလန္မွာ ၀ယ္ယူႏိုင္မွာပါ။ ဒါေပမယ့္ တရုတ္မွာ ေရာင္းေပးထားတဲ့ ေမာ္ဒယ္နဲ႔ ဥေရာပမွာ ေရာင္းမယ့္ ေမာ္ဒယ္မွာ ကြဲျပားခ်က္ အနည္းငယ္ရွိပါတယ္။ ဥေရာပ ေမာ္ဒယ္မွာ Kirin 810 Processor အစား Kirin 710F ထည့္ထားတာက အားနည္းသြားပါတယ္။ ဒီဇိုင္းပိုင္းမွာေတာ့ လက္ေဗြရာ အာရံုခံ ကိရိယာကို အေနာက္ဘက္ အစား ေဘးဘက္မွာ တပ္ဆင္ထားပါတယ္။

Honor 8X ဟာ ကုမၸဏီရဲ႕ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္း စီးရီး ျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ မ်ိဳးဆက္သစ္ Honor 9X ဟာလည္း သူ႔ရဲ႕ အေမြကို ဆက္ခံေနပါတယ္။ Honor 9X ဟာ Honor 8X ထက္ေတာင္ တရုတ္မွာ ေရာင္းအား ပိုသြက္ေနပါတယ္။ ကုမၸဏီက Honor 9X ဟာ စေရာင္းတဲ့ ရက္မွာပဲ အလံုးေရ ၃ သိန္း ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ဇူလိုင္လကုန္က ေၾကညာခဲ့ပါတယ္။ Honor 9X ဟာ အလံုးေရ ၁ သိန္းေရာင္းခ်ရာမွာ Honor 8X ထက္ ၂ ဆေလာက္ျမန္သြားပါတယ္။

Honor 9X နဲ႔ 9X Pro အတြက္ ပထမဆံုး Flash Sale ကို ဇူလိုင္လေႏွာင္းပိုင္းက စတင္ ေရာင္းခ်ေပးခဲ့ၿပီး ၂ မိနစ္အတြင္းမွာ အလံုးေရ တစ္သိန္း ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ကုမၸဏီက ေၾကညာခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွာ Honor 8X ကို စတင္ ေရာင္းခ်စဥ္ကထက္ ၂ ဆေလာက္ပိုျမန္စြာ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ Honor က ေျပာပါတယ္။

Ref : gizmochina

%d bloggers like this: