Huawei Mate X ကို အောက်တိုဘာလနှောင်းပိုင်းမှာ ရောင်းမည်

Huawei ရဲ့ အလန်းစား ခေါက်ချိုး ဖုန်း Mate X ကို MWC 2019 မှာ ကြေညာခဲ့ပါတယ်။ မူလက မေလမှာ ရောင်းဖို့ စီစဉ်ထားပေမယ့် အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။ သြဂုတ်လမှာ ပြန်လည် ရောင်းချပေးဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းပြချက် မရှိဘဲ ရောင်းချမယ့် အချိန်ကို နောက်ဆုတ်ခဲ့ပါတယ်။ သြဂုတ်လ ရောက်တော့လည်း ကုမ္ပဏီက စက်တင်ဘာမှာ ရောင်းဖို့ စီစဉ်ထားပေမယ့် မဖြစ်နိုင်တော့ဘူးလို့ တရုတ်မှ ပွဲ ၁ ခုမှာ TechRadar ကို ပြောခဲ့ပါတယ်။ အခုဆိုရင် အဲဒီ ဖုန်းကို ကြေညာခဲ့တာ ၈ လကျော်ကြာပါပြီ။

မကြာခင်ကတော့ စီအီးအို Richard Yu က အောက်တိုဘာလမှာ ရောင်းမယ်လို့ ကတိပေးခဲ့ပါတယ်။ အခုတော့ လလယ်တောင်ရောက်လာပါပြီ။ အခုတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ အမြောက်အများ ထုတ်လုပ်နေပြီ ဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ ရောင်းမယ်လို့ သိရပါတယ်။

Huawei က Mate X ကို မော်ဒယ် ၂ မျိုး ထုတ်ထားနိုင်ပါတယ်။ ၁ မျိုးမှာ ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့အတိုင်း Kirin 980 Chipset ထည့်ထားမှာပါ။ နောက် ၁ မျိုးမှာ စွမ်းရည်မြင့် Chipset အသစ် ဖြစ်တဲ့ Kirin 990 ပါလာနိုင်ပါတယ်။ မော်ဒယ် ၂ မျိုးမှာ အခြား Specs တွေ ကွဲပြားမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena

Huawei Mate X ကို အောက်တိုဘာလနှောင်းပိုင်းမှာ ရောင်းမည်

%d bloggers like this: