Huawei Mate X ကို အောက်တိုဘာလနှောင်းပိုင်းမှာ ရောင်းမည်

[Unicode]

Huawei ရဲ့ အလန်းစား ခေါက်ချိုး ဖုန်း Mate X ကို MWC 2019 မှာ ကြေညာခဲ့ပါတယ်။ မူလက မေလမှာ ရောင်းဖို့ စီစဉ်ထားပေမယ့် အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။ သြဂုတ်လမှာ ပြန်လည် ရောင်းချပေးဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းပြချက် မရှိဘဲ ရောင်းချမယ့် အချိန်ကို နောက်ဆုတ်ခဲ့ပါတယ်။ သြဂုတ်လ ရောက်တော့လည်း ကုမ္ပဏီက စက်တင်ဘာမှာ ရောင်းဖို့ စီစဉ်ထားပေမယ့် မဖြစ်နိုင်တော့ဘူးလို့ တရုတ်မှ ပွဲ ၁ ခုမှာ TechRadar ကို ပြောခဲ့ပါတယ်။ အခုဆိုရင် အဲဒီ ဖုန်းကို ကြေညာခဲ့တာ ၈ လကျော်ကြာပါပြီ။

မကြာခင်ကတော့ စီအီးအို Richard Yu က အောက်တိုဘာလမှာ ရောင်းမယ်လို့ ကတိပေးခဲ့ပါတယ်။ အခုတော့ လလယ်တောင်ရောက်လာပါပြီ။ အခုတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ အမြောက်အများ ထုတ်လုပ်နေပြီ ဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ ရောင်းမယ်လို့ သိရပါတယ်။

Huawei က Mate X ကို မော်ဒယ် ၂ မျိုး ထုတ်ထားနိုင်ပါတယ်။ ၁ မျိုးမှာ ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့အတိုင်း Kirin 980 Chipset ထည့်ထားမှာပါ။ နောက် ၁ မျိုးမှာ စွမ်းရည်မြင့် Chipset အသစ် ဖြစ်တဲ့ Kirin 990 ပါလာနိုင်ပါတယ်။ မော်ဒယ် ၂ မျိုးမှာ အခြား Specs တွေ ကွဲပြားမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena

[Zawgyi]

Huawei Mate X ကို ေအာက္တိုဘာလေႏွာင္းပိုင္းမွာ ေရာင္းမည္

Huawei ရဲ႕ အလန္းစား ေခါက္ခ်ိဳး ဖုန္း Mate X ကို MWC 2019 မွာ ေၾကညာခဲ့ပါတယ္။ မူလက ေမလမွာ ေရာင္းဖို႔ စီစဥ္ထားေပမယ့္ အေမရိကန္နဲ႔ တရုတ္ရဲ႕ ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ ေနာက္ဆုတ္ခဲ့ရပါတယ္။ ၾသဂုတ္လမွာ ျပန္လည္ ေရာင္းခ်ေပးဖို႔ စီစဥ္ခဲ့ေပမယ့္ အေၾကာင္းျပခ်က္ မရွိဘဲ ေရာင္းခ်မယ့္ အခ်ိန္ကို ေနာက္ဆုတ္ခဲ့ပါတယ္။ ၾသဂုတ္လ ေရာက္ေတာ့လည္း ကုမၸဏီက စက္တင္ဘာမွာ ေရာင္းဖို႔ စီစဥ္ထားေပမယ့္ မျဖစ္ႏိုင္ေတာ့ဘူးလို႔ တရုတ္မွ ပြဲ ၁ ခုမွာ TechRadar ကို ေျပာခဲ့ပါတယ္။ အခုဆိုရင္ အဲဒီ ဖုန္းကို ေၾကညာခဲ့တာ ၈ လေက်ာ္ၾကာပါၿပီ။

မၾကာခင္ကေတာ့ စီအီးအို Richard Yu က ေအာက္တိုဘာလမွာ ေရာင္းမယ္လို႔ ကတိေပးခဲ့ပါတယ္။ အခုေတာ့ လလယ္ေတာင္ေရာက္လာပါၿပီ။ အခုေတာ့ တရုတ္က ထြက္လာတဲ့ သတင္းအရ အေျမာက္အမ်ား ထုတ္လုပ္ေနၿပီ ျဖစ္ၿပီး ဒီလေႏွာင္းပိုင္းမွာ ေရာင္းမယ္လို႔ သိရပါတယ္။

Huawei က Mate X ကို ေမာ္ဒယ္ ၂ မ်ိဳး ထုတ္ထားႏုိင္ပါတယ္။ ၁ မ်ိဳးမွာ ေဖေဖာ္၀ါရီလက ေၾကညာခဲ့တဲ့အတိုင္း Kirin 980 Chipset ထည့္ထားမွာပါ။ ေနာက္ ၁ မ်ိဳးမွာ စြမ္းရည္ျမင့္ Chipset အသစ္ ျဖစ္တဲ့ Kirin 990 ပါလာႏိုင္ပါတယ္။ ေမာ္ဒယ္ ၂ မ်ိဳးမွာ အျခား Specs ေတြ ကြဲျပားမလားဆိုတာ မသိရေသးပါဘူး။

Ref : gsmarena

%d bloggers like this: