Redmi 8 မှာ Snapdragon 439 ပဲထည့်ထားတဲ့ အကြောင်းအရင်းကို ပြောလိုက်တဲ့ Lu Weibing

[Unicode]

Redmi 8 ဟာ Redmi 7 ထက် ပိုကောင်းလာပါတယ်။ ဒါပေမယ့် Redmi 7 ရဲ့ Snapdragon 632 ထက်နိမ့်တဲ့ 439 ကိုပဲထည့်ထားပါတယ်။ အခုတော့ အထွေထွေ မန်နေဂျာ Lu Weibing က ဘာလို့ 439 ပဲထည့်ထားလဲဆိုတာကို ပြောပြလိုက်ပါတယ်။ သူက Redmi 8 ကို မထုတ်လုပ်ခင် စစ်တမ်းကောက်ယူခဲ့ပြီး သုံးစွဲသူတွေဟာ ဘက်ထရီ သက်တမ်း၊ မြန်ဆန်မှုနဲ့ အရည်အသွေးမြင့်တဲ့ တည်ဆောက်မှု ဒီဇိုင်းတွေကို ပိုကြိုက်ကြတယ်လို့ ပြောပါတယ်။

အဲဒီအတွက် Redmi 8 မှာ အရွယ်ကြီး 5000mAh Battery ထည့်ထားပြီး Standby ထားရင် ၃၁ ရက် အသုံးခံပါတယ်။ ဒါ့အပြင် USB Type-C Port နဲ့ 18W Fast Charging ပါပြီး ၂ နာရီအတွင်းမှာ အားအပြည့်သွင်းပေးပါတယ်။ မြန်ဆန်စေဖို့ 2GB RAM Version ကို ပယ်ဖျက်ခဲ့ပါတယ်။ Mi Turbo 2.0 နဲ့ Memory ရှင်းပေးတဲ့ နည်းပညာ ထည့်ထားပါတယ်။ Redmi 8 ဟာ ၂ နှစ်သုံးပြီးရင်တောင် ၃၅ ရာခိုင်နှုန်းပဲ နှေးကွေးသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Redmi 8 မှာ ပါတဲ့ Snapdragon 400 Series ဟာ 12nm Process နဲ့ တည်ဆောက်ထားတဲ့ အတွက် 625 နီးပါး စွမ်းဆောင်ရည်ကောင်းတယ်လို့ သူက ပြောပါတယ်။ Mi Turbo ပါတဲ့ အတွက် လျှင်မြန်သွက်လက်ပါတယ်။

Ref : gizmochina

[Zawgyi]

Redmi 8 မွာ Snapdragon 439 ပဲထည့္ထားတဲ့ အေၾကာင္းအရင္းကို ေျပာလိုက္တဲ့ Lu Weibing

Redmi 8 ဟာ Redmi 7 ထက္ ပိုေကာင္းလာပါတယ္။ ဒါေပမယ့္ Redmi 7 ရဲ႕ Snapdragon 632 ထက္နိမ့္တဲ့ 439 ကိုပဲထည့္ထားပါတယ္။ အခုေတာ့ အေထြေထြ မန္ေနဂ်ာ Lu Weibing က ဘာလို႔ 439 ပဲထည့္ထားလဲဆိုတာကို ေျပာျပလိုက္ပါတယ္။ သူက Redmi 8 ကို မထုတ္လုပ္ခင္ စစ္တမ္းေကာက္ယူခဲ့ၿပီး သံုးစြဲသူေတြဟာ ဘက္ထရီ သက္တမ္း၊ ျမန္ဆန္မႈနဲ႔ အရည္အေသြးျမင့္တဲ့ တည္ေဆာက္မႈ ဒီဇိုင္းေတြကို ပိုႀကိဳက္ၾကတယ္လို႔ ေျပာပါတယ္။

အဲဒီအတြက္ Redmi 8 မွာ အရြယ္ႀကီး 5000mAh Battery ထည့္ထားၿပီး Standby ထားရင္ ၃၁ ရက္ အသံုးခံပါတယ္။ ဒါ့အျပင္ USB Type-C Port နဲ႔ 18W Fast Charging ပါၿပီး ၂ နာရီအတြင္းမွာ အားအျပည့္သြင္းေပးပါတယ္။ ျမန္ဆန္ေစဖို႔ 2GB RAM Version ကို ပယ္ဖ်က္ခဲ့ပါတယ္။ Mi Turbo 2.0 နဲ႔ Memory ရွင္းေပးတဲ့ နည္းပညာ ထည့္ထားပါတယ္။ Redmi 8 ဟာ ၂ ႏွစ္သံုးၿပီးရင္ေတာင္ ၃၅ ရာခိုင္ႏႈန္းပဲ ေႏွးေကြးသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။

Redmi 8 မွာ ပါတဲ့ Snapdragon 400 Series ဟာ 12nm Process နဲ႔ တည္ေဆာက္ထားတဲ့ အတြက္ 625 နီးပါး စြမ္းေဆာင္ရည္ေကာင္းတယ္လို႔ သူက ေျပာပါတယ္။ Mi Turbo ပါတဲ့ အတြက္ လွ်င္ျမန္သြက္လက္ပါတယ္။

Ref : gizmochina

%d bloggers like this: