Redmi Note 8 Pro World of Warcraft Edition ကို ရောင်းပြီ

[Unicode]

Redmi Note 8 နဲ့ Note 8 Pro တို့ကို ရောင်းချပေးထားပေမယ့် Redmi Note 8 Pro World of Warcraft Edition ကိုတော့ အခုမှသာ တရုတ်မှာ ရောင်းချပေးလိုက်ပါတယ်။ မြန်မာငွေ ၄ သိန်းလောက်ရှိပြီး အလုံးရေ ၅၀၀၀ ပဲ ရောင်းပေးမှာပါ။ Horde Model နဲ့ Alliance Model ၂ မျိုးထုတ်လုပ်ပေးထားပြီး Azeroth မှ နာမည်ကျော် အဖွဲ့ ၂ ခုကို ကိုယ်စားပြုထားပါတယ်။ Model ၂ ခုစလုံးမှာ မတူညီတဲ့ ဘူးခွံ၊ ဒီဇိုင်း၊ Theme နဲ့ Custom Case တွေ ထည့်သွင်းထားပါတယ်။

Horde Model ကို အနက်နဲ့ အနီရောင် ဘူးနဲ့ ထည့်ပေးထားပါတယ်။ ဘူးရဲ့ အပြင်ဘက်မှာ အနီရောင်နဲ့ စာရေးထားပါတယ်။ အနက်နဲ့ အနီရောင် Case ပါလာပြီး အောက်ခြေမှာ Horde ပုံရိပ် ရေးဆွဲထားပါတယ်။ WoW Cards တွေလည်း ပါပါတယ်။

Alliance Model အတွက် အဖြူရောင် ဘူးကို ထုတ်လုပ်ပေးထားပြီး အတွင်းဘက်က အပြာရောင် ဖြစ်ပါတယ်။ ဘူးထဲမှာ Redmi Note 8 Pro ရဲ့ Fritillaria White Model ထည့်ထားပါတယ်။ Case ၁ ခုလည်း ပါပါတယ်။ အနက်နဲ့ အပြာရောင် ဖြစ်ပြီး Alliance ပုံရိပ်ကို ရေးထွင်းထားပါတယ်။ WoW Cards တွေ ထည့်ထားပါတယ်။

Redmi Note 8 Pro World of Warcraft Limited Edition မှာ Custom Wallpapers , Themes , Icon Packs တွေ ပါပါတယ်။ Specs တွေကတော့ Redmi Note 8 Pro နဲ့ တူပါတယ်။

Ref : gizmochina

[Zawgyi]

Redmi Note 8 Pro World of Warcraft Edition ကို ေရာင္းၿပီ

Redmi Note 8 နဲ႔ Note 8 Pro တို႔ကို ေရာင္းခ်ေပးထားေပမယ့္ Redmi Note 8 Pro World of Warcraft Edition ကိုေတာ့ အခုမွသာ တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါတယ္။ ျမန္မာေငြ ၄ သိန္းေလာက္ရွိၿပီး အလံုးေရ ၅၀၀၀ ပဲ ေရာင္းေပးမွာပါ။ Horde Model နဲ႔ Alliance Model ၂ မ်ိဳးထုတ္လုပ္ေပးထားၿပီး Azeroth မွ နာမည္ေက်ာ္ အဖြဲ႕ ၂ ခုကို ကုိယ္စားျပဳထားပါတယ္။ Model ၂ ခုစလံုးမွာ မတူညီတဲ့ ဘူးခြံ၊ ဒီဇိုင္း၊ Theme နဲ႔ Custom Case ေတြ ထည့္သြင္းထားပါတယ္။

Horde Model ကို အနက္နဲ႔ အနီေရာင္ ဘူးနဲ႔ ထည့္ေပးထားပါတယ္။ ဘူးရဲ႕ အျပင္ဘက္မွာ အနီေရာင္နဲ႔ စာေရးထားပါတယ္။ အနက္နဲ႔ အနီေရာင္ Case ပါလာၿပီး ေအာက္ေျခမွာ Horde ပံုရိပ္ ေရးဆြဲထားပါတယ္။ WoW Cards ေတြလည္း ပါပါတယ္။

Alliance Model အတြက္ အျဖဴေရာင္ ဘူးကို ထုတ္လုပ္ေပးထားၿပီး အတြင္းဘက္က အျပာေရာင္ ျဖစ္ပါတယ္။ ဘူးထဲမွာ Redmi Note 8 Pro ရဲ႕ Fritillaria White Model ထည့္ထားပါတယ္။ Case ၁ ခုလည္း ပါပါတယ္။ အနက္နဲ႔ အျပာေရာင္ ျဖစ္ၿပီး Alliance ပံုရိပ္ကို ေရးထြင္းထားပါတယ္။ WoW Cards ေတြ ထည့္ထားပါတယ္။

Redmi Note 8 Pro World of Warcraft Limited Edition မွာ Custom Wallpapers , Themes , Icon Packs ေတြ ပါပါတယ္။ Specs ေတြကေတာ့ Redmi Note 8 Pro နဲ႔ တူပါတယ္။

Ref : gizmochina

%d bloggers like this: