တရုတ်မှာ ရောင်းပေးတော့မယ့် OPPO Reno2 Z

[Unicode]

သြဂုတ်လက ကြေညာခဲ့တဲ့ OPPO Reno2 Z ကို တရုတ်မှာ ဒီလ ၂၅ ရက်နေ့မှာ ရောင်းပေးတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို China Telecom က ဖော်ပြထားတာ ဖြစ်ပြီး ယွမ် ၂,၆၉၉ သတ်မှတ်ထားမယ်လို့ ပြောပါတယ်။ မြန်မာငွေ ၅၈၀ ၀၀၀ လောက်ရှိပါတယ်။ Extreme Night Nebula, Morning Fog White နဲ့ Deep-Sea Night Light စတဲ့ အရောင်တွေ ရွေးချယ်နိုင်မှာပါ။

OPPO Reno2 Z မှာ 48MP Camera ပါပေမယ့် OIS တော့ မပါပါဘူး။ 8MP 119° Ultra Wide-Angle Camera ၁ လုံး နဲ့ 2MP Cameras ၂ လုံးပါပါတယ်။ ၆.၅၃ လက်မ AMOLED Display ထည့်သွင်းထားပြီး Screen-to-body Ratio မှာ ၉၁.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မျက်နှာပြင်အရည်အသွေးမှာ Full HD+ ဖြစ်ပါတယ်။ 16MP Pop-up Camera ထည့်သွင်းထားပါတယ်။

MediaTek Helio P90 Chipset မောင်းနှင်ထားပြီး 8/256GB ပါပါတယ်။ 20W VOOC 3.0 ပါတဲ့ 4,000mAh Battery ထည့်ထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

Ref : gizmochina

[Zawgyi]





Ref : gizmochina

%d bloggers like this: