Display ၂ ခုပါတဲ့ Nubia Z20 ကို ကမ္ဘာအဝန်းမှာ ရောင်းပြီ

Nubia Z20 ကို သြဂုတ်လမှာ တရုတ်မှာ ကြေညာခဲ့ပြီး ရောင်းချပေးခဲ့ပါတယ်။ အခုတော့ ကမ္ဘာအဝန်းမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မြောက်အမေရိက၊ ဥရောပနဲ့ အာရှတို့မှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ US, Canada, EU, UK, Australia, Hong Kong, Israel, Japan, Singapore, Indonesia, Taiwan နဲ့ Macao နိုင်ငံတွေမှာ ဝယ်ယူနိုင်တော့မှာပါ။ 8/128GB ကို ၅၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၈၄၀,၀၀၀ လောက်ရှိပါတယ်။

သူဟာ စွမ်းဆောင်ရည်မြင့် ဖုန်း ဖြစ်ပါတယ်။ အရှေ့မှာ ၆.၄၂ လက်မ FHD+ AMOLED Display ပါပြီး ဘောင်ပျောက် ဒီဇိုင်းပါ။ အနောက်မှာ ၅.၁ လက်မ HD+ AMOLED Display ၁ ခု အပိုပါပါတယ်။ အရှေ့ဘက်မှာ ကင်မရာ မပါပါဘူး။ အနောက်ကင်မရာတွေနဲ့ ဆဲလ်ဖီးတွေ ရိုက်နိုင်ပါတယ်။ အရှေ့နဲ့ အနောက် Display တွေမှာ စာသား၊ ရုပ်ပုံ၊ GIF ၊ ဗီဒီယိုနဲ့ အခြား သတင်းအချက်အလက်တွေကို ပြသနိုင်ပါတယ်။
48MP အပါအဝင် အနောက်ကင်မရာ ၃ လုံး ပါပါတယ်။ လက်ဗွေရာ ကိရိယာကို ဖုန်းရဲ့ ဘေး ၂ ဖက်စလုံးမှာ ထည့်ထားတဲ့ အတွက် ဘယ် Display ကိုပဲ သုံးသည်ဖြစ်စေ အဆင်ပြေစေမှာပါ။ အနက်၊ အပြာနဲ့ အနီရောင်တွေ ထုတ်ထားပါတယ်။
Nubia Z20 specifications

• 6.42-inch (1080 × 2340 pixels) 19.5:9 FHD+ AMOLED curved glass display with 430 nit / 600nit (HBM) brightness, 100% NTSC Color Gamut
• 5.1-inch (1520 × 720 pixels) HD+ AMOLED secondary display with 330nit brightness, 100% NTSC Color Gamut
• Octa-Core Snapdragon 855 Plus (1 x Kryo 485 at 2.96GHz + 3 x Kryo 485 at 2.42GHz + 4 x Kryo 385 at 1.8GHz) 7nm Mobile Platform with 675MHz Adreno 640 GPU
• 6GB LPDDR4X RAM with 128GB storage/ 8GB LPDDR4X RAM with 128GB storage / 512GB storage
• Android 9.0 (Pie) with nubia UI 7.0
• Dual SIM
• 48MP rear camera with 1/2.25″ Sony IMX586 sensor, 0.8um pixel size, f/1.7 aperture, dual LED flash, OIS, 16MP 122.2° ultra-wide camera, 2.5cm macro, 8MP telephoto lens for 3x loss-less zoom and 30x digital zoom
• Dual side-mounted fingerprint sensors
• Dimensions: 158.63×75.26×9mm; Weight: 186g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz) 2 x 2 MIMO, Bluetooth 5.1, Dual GPS (L1/L5), USB Type-C
• 4000mAh (typcial) / 3900mAh (minimum) battery with 27W fast PD charging, Quick Charge 4.0

Ref : fonearena

Display ၂ ခုပါတဲ့ Nubia Z20 ကို ကမ္ဘာအဝန်းမှာ ရောင်းပြီ

%d bloggers like this: