ဖုန်းပျောက်တာကိုရှာဖွေပေးတော့မယ့် Google ရဲ့ ‘I lost my phone’ Feature

Google ဟာ သင့်ကို “I lost my phone” ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တစ်မျိုးနဲ့ ဖုန်းတွေပျောက်သွားခဲ့ရင် ပြန်လည် ရှာဖွေပေးနိုင်ဖို့အတွက် ကူညီဖို့ပြုလုပ်နေပါတယ်။ Google အနေနဲ့ သင့်ဖုန်းအပါအဝင် တခြားပစ္စည်းတွေကိုပါ Record လုပ်ထားမယ့် အထူးစာမျက်နှာတစ်ခုကို ယူဆောင်လာခဲ့တာပါ။ အဲ့ဒီစာမျက်နှာမှာ သင်ပျောက်သွားတယ်လို့ ထင်တဲ့ သင့်ရဲ့ပစ္စည်းကို ကလစ်လုပ်ပြီး ရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်။

အဆိုပါစာမျက်နှာကနေတစ်ဆင့် သင်ဟာ ဖုန်းရဲ့တည်နေရာကိုမြေပုံမှာ ပြသခိုင်းတာမျိုး၊ ဖုန်းကို Lock လုပ်လိုက်တာမျိုးတွေကို ပြုလုပ်နိုင်ဖို့အတွက် အဆင့်တွေကို ရွေးချယ်လို့ရနိုင်မှာပါ။ တချို့လုပ်ဆောင်ချက်တွေကတော့ Android ဖုန်းတွေမှာသာ အလုပ်လုပ်မှာဖြစ်ပြီး တကယ်လို့ သင့်ဟန်းဆက်က iPhone ဆိုရင်တော့ သင့်ဖုန်းကို iCloud ကနေတစ်ဆင့် သင့် iPhone ကိုရှာဖွေဖို့ အားပေးမှာဖြစ်ပါတယ်။

google-android-device-manager2

ဒီ Google ရဲ့ဝန်ဆောင်မှုလိုမျိုးတူညီတဲ့ ဝန်ဆောင်မှုမျိုးကို Apple ဟာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကတော့ တကယ်လို့ ဖုန်းပျောက်သွားခဲ့လို့ရှိရင် ဖုန်းမှာ “Lost Mode” ဆိုတဲ့ အသံပါဝင်တဲ့ Mode တစ်မျိုးကို ဖွင့်ထားဖို့အတွက် ပြုလုပ်မှာဖြစ်ပြီး၊ တကယ်လို့ တစ်ယောက်ယောက်က ရှာတွေ့ခဲ့လို့ရှိရင် အဆိုပါဖုန်းကို ဘယ်မှာလာပေးရမယ်ဆိုတာကို ဖုန်းကပြောပြမှာပါ။

Google ဟာ iOS ပစ္စည်းတွေအတွက် ဖုန်းအခိုးခံရလို့ရှိရင် ဖုန်းထဲက Google အကောင့်တွေနဲ့ email တွေကို ဖတ်လို့မရအောင် Lock လုပ်လိုက်တာမျိုး ဝန်ဆောင်မှုတချို့ကို ထုတ်လုပ်ဖို့အတွက် ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒီဆိုက်နာမည်နဲ့ ဘယ်နေ့မှာ ဘယ်လိုအသုံးပြုနိုင်မယ်ဆိုတာကိုတော့ Google အနေနဲ့ ပြောကြားခြင်းမရှိသေးပါဘူး။

Ref: Independent

%d bloggers like this: