Realme X2 Pro ရဲ့ Hands-on Video ထွက်လာ

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Realme X2 Pro ရဲ့ Hands-on Video တစ်ခု ထွက်လာပါတယ်။ အဖြူရောင် ဖြစ်ပြီး Realme XT ရဲ့ Pearl White နဲ့ တူပါတယ်။ XT နဲ့ မတူတာက X2 Pro မှာ အနောက်ကင်မရာ ၄ လုံးကို အလယ်မှာ ဒေါင်လိုက်တပ်ဆင်ထားတာပါ။ ကင်မရာတွေအောက် ညာဘက်နားမှာ Realme Logo ထည့်ထားပါတယ်။

ပါဝါခလုတ်ကို ညာဘက်ခြမ်းနဲ့ အသံခလုတ်ကို ဘယ်ဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။ အောက်ခြေမှာ USB-C Port , 3.5mm Headphone Jack, Microphone နဲ့ Speaker ၁ လုံး ပါပါတယ်။ အရှေ့ဘက်မှာ အရွယ်သေး Notch ပါလာပါတယ်။

သူဟာ Snapdragon 855 Plus ပါတဲ့ Realme ရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်လာမှာပါ။ Realme X2 Pro မှာ 60Hz နဲ့ 90Hz Refresh Rate ကို ပြောင်းလဲသုံးနိုင်မှာ ဖြစ်ပြီး 90Hz Display က ဖုန်းကို ထိတွေ့သုံးတဲ့ အခါမှာ တုန့်ပြန်မှုအားကောင်းပါတယ်။ အထူးသဖြင့် ဂိမ်းတွေ ကစားရင် အရမ်းကို လန်းပါတယ်။

Realme ရဲ့ CMO Xu Qi Chase က X2 Pro မှာ 12GB RAM နဲ့ 256GB Storage အထိ ပါမယ်လို့ မကြာခင်က သတင်းပေးလိုက်ပါတယ်။ Realme က မြန်ဆန်ချောမွတ်ပြီး ထိတွေ့သုံးရင် တိကျစေတဲ့ 135 Hz Sampling Rate ကို X2 Pro မှာ ထည့်သွင်းထားမယ်လို့ ဝီဘိုကနေ မကြာခင်ကပဲ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ဝ.၂၃ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်တဲ့ တတိယ မျိုးဆက် မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာမယ်လို့လည်း ကုမ္ပဏီက အတည်ပြုထားပါတယ်။ မနက်ဖြန်မှာ ကြေညာတော့မှာပါ။

Ref : gsmarena

Realme X2 Pro ရဲ့ Hands-on Video ထွက်လာ

%d bloggers like this: