ZTE Blade 20 ကို TENAA မှာ မှတ်ပုံတင်လိုက်ပြီ

တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှာ ZTE Blade 20 ကို မှတ်ပုံတင်လိုက်ပါတယ်။ သူ့မှာ ၆.၁ လက်မ HD Screen နဲ့ 4GB RAM ပါလာမှာပါ။ အနောက်ကင်မရာ ၃ လုံးကို ဘယ်ဘက်ထိပ်မှာ လေးထောင့်ကွက်ထဲ ထည့်ထားပါတယ်။ လက်ဗွေရာ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ အဲဒီအတွက် မျက်နှာပြင်အောင် လက်ဗွေရာ ကိရိယာ ပါတဲ့ OLED Display တော့ မဟုတ်ပါဘူး။

အနောက်ကင်မရာတွေက 16+8+2MP တွေ ဖြစ်ပြီး နာမည်မဖော်ပြထားတဲ့ 2.0GHz Quad-core Processor ပါလာမှာပါ။ အနက်နဲ့ အပြာရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက မကြာခင်က ကြေညာထားတဲ့ Blade A7s နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဘက်ထရီက အရွယ်ကြီးမားလာပြီး 4,870mAh ဖြစ်ပါတယ်။
ပါဝါနဲ့ အသံခလုတ်တွေကို ဖုန်းရဲ့ ညာဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။ SIM + MicroSD Tray ကတော့ ဘယ်ဘက်ခြမ်းမှာပါ။ အားအမြန်သွင်းနိုင်တဲ့ USB-C Port နဲ့ 3.5mm Headphone Jack ပါပါတယ်။ သူ့ကို ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် သိပ်မကြာတော့ဘူးလို့ ထင်ပါတယ်။ Blade 20 ဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်မှာပါ။

Ref : notebookcheck

ZTE Blade 20 ကို TENAA မှာ မှတ်ပုံတင်လိုက်ပြီ

%d bloggers like this: