Huawei CEO က HarmonyOS ဟာ ၂ နှစ်အတွင်းမှာ Apple iOS ကို လိုက်ဖိုက်နိုင်မယ်လို့ ပြော

Huawei CEO Ren Zhengfei က သူတို့ရဲ့ HarmonyOS ဟာ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ Apple iOS ကို လိုက်ဖိုက်နိုင်မယ်လို့ ပြောလိုက်ပါတယ်။ Fortune Magazine နဲ့ အင်တာဗျူး ၁ ခုမှာ ပြောလိုက်တာ ဖြစ်ပြီး HarmonyOS ဟာ အနာဂတ်မှာ စွမ်းရည် အရမ်းကို မြင့်မားလာမယ်လို့ သူက မျှော်လင့်ထားပါတယ်။ ဒါပေမယ့် သူက “ Google ရဲ့ Android OS ကို ဆက်သုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ Google နဲ့လည်း ပူးပေါင်း အလုပ်လုပ်ချင်ပါတယ်။ အမေရိကန် အစိုးရက Google ကို ခွင့်ပြုဖို့ မျှော်လင့်ပါတယ်။ “ လို့ ပြောခဲ့ပါသေးတယ်။

Google ရဲ့ Android OS ကို သုံးလို့ မရတော့ရင်တော့ Huawei က နောက်ပိုင်းထုတ် စမတ်ဖုန်းတွေမှာ HarmonyOS ကို အသုံးပြုမှာ ဖြစ်ပါတယ်။ သြဂုတ်လက တရုတ်မှာ ကျင်းပခဲ့တဲ့ Developer Conference မှာ HarmonyOS ကို ကြေညာလိုက်ပါတယ်။ HarmonyOS ဟာ Open-source Platform ဖြစ်ပြီး Hongmeng OS ရဲ့ ဖိုင်နယ် နာမည် ဖြစ်ပါတယ်။ HarmonyOS ကို စမတ်ဖုန်း၊ စမတ် စပီကာ၊ ကွန်ပြူတာ၊ စမတ်နာရီ၊ ကြိုးမဲ့ နားကြပ်၊ ကား၊ တက်ဘလက် အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Huawei CEO က HarmonyOS မှာ Apps မျိုးစုံကို အသုံးပြုနိုင်တယ်လို့ ပြောခဲ့ပါတယ်။ Android Apps , HTML5 နဲ့ Linux Apps တွေအားလုံးကို အသုံးပြုနိုင်ပါတယ်။ HarmonyOS မှာ အသုံးပြုထားတဲ့ ARK Compiler ဟာ Kotlin , Java, Javascript , C , C++ အားလုံးမှာ Run နိုင်မယ်လို့ Yu က ပြောခဲ့ပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Honor Vision TV မှာတော့ HarmonyOS ကို အစောဆုံးထည့်သွင်းပေးခဲ့ပါတယ်။

Ref : chinadaily

Huawei CEO က HarmonyOS ဟာ ၂ နှစ်အတွင်းမှာ Apple iOS ကို လိုက်ဖိုက်နိုင်မယ်လို့ ပြော

%d bloggers like this: