Xiaomi က ထောင့်က ဘောင်မှာ တပ်ဆင်ထားတဲ့ Selfie Camera Design ကို မှတ်ပုံတင်

Full Screen Design ကို စွမ်းရည်မြင့် သာမက စွမ်းရည်သင့် စမတ်ဖုန်းတွေမှာပါ ထည့်သွင်းလာကြပါတယ်။ အခုတော့ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာပါ အဲဒီ အလန်းစား ဒီဇိုင်းကို တပ်ဆင်ပေးဖို့ Xiaomi က လုပ်ဆောင်နေပါပြီ။

Xiaomi က Pattern ၁ ခုကို မှတ်ပုံတင်လိုက်ပြီး စမတ်ဖုန်း ထောင့်က ဘောင်မှာ တပ်ဆင်ထားတဲ့ Selfie Camera Design ဖြစ်ပါတယ်။ ပုံကြမ်းအရ လက်ရှိ Punch-hole Design ထက် Cutout က အရွယ်အစား သေးတာ မြင်ရပါတယ်။ တချို့ပုံကြမ်းတွေမှာတော့ Cutout တောင် မပါတော့ပါဘူး။
စမတ်ဖုန်းရဲ့ အထက်က ဘယ်နဲ့ညာဘက်က ထောင့်စွန်း ၂ ခုမှာ ကင်မရာ ၁ လုံးစီ ထည့်သွင်းထားတာ မြင်ရပါတယ်။ အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ အရှေ့ ကင်မရာ ၂ လုံး ပါလာတာကလည်း စံနှုန်း ၁ ခုလို ဖြစ်နေပါပြီ။

Ref : gsmarena

Xiaomi က ထောင့်က ဘောင်မှာ တပ်ဆင်ထားတဲ့ Selfie Camera Design ကို မှတ်ပုံတင်

%d bloggers like this: