Google Pixel 4 နဲ့ 4 XL ကို Best Buy Canada မှာ စာရင်းတင်လိုက်ပြီ

[Unicode]

Google က Pixel 4 နဲ့ 4 XL ကို လာမယ့် ၁၅ ရက်နေ့မှာ ကြေညာတော့မှာပါ။ ရက်ပိုင်းအလိုမှာပဲ Best Buy Canada မှာ သူတို့ကို စာရင်းတင်လိုက်ပြီး ဓါတ်ပုံနဲ့ Specs တွေကို သိလာရပါတယ်။ Just Black နဲ့ Clearly White အရောင်တွေကို မြင်ရပါတယ်။

Promo Image မှာ Pixel 4 ဟာ စတူဒီယို အဆင့် ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် လွယ်လွယ်ကူကူပဲ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပြီး Edit လုပ်စရာ မလိုဘူးလို့ ဆိုပါတယ်။

Quick Gestures တွေ ပါလာမှာ ဖြစ်ပြီး ဖုန်းကို ထိစရာမလိုဘဲ အလုပ်တွေ ပြုလုပ်နိုင်မှာပါ။ Google Photos မှာ အရည်အသွေး အပြည့်နဲ့ ဓါတ်ပုံတွေ အကန့်အသတ် မရှိ သိမ်းဆည်းနိုင်မှာပါ။ Pixel 4 ၂ လုံးနဲ့ Pixel 3 XL ရဲ့ Specs တွေကိုလည်း နှိုင်းယှဉ်ပြသထားပါတယ်။ Specs Sheet မှာ Face Unlock သာ ပါတဲ့အတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မပါလာနိုင်ပါဘူး။

Ref : gsmarena

[Zawgyi]

Google Pixel 4 နဲ႔ 4 XL ကို Best Buy Canada မွာ စာရင္းတင္လိုက္ၿပီ

Google က Pixel 4 နဲ႔ 4 XL ကို လာမယ့္ ၁၅ ရက္ေန႔မွာ ေၾကညာေတာ့မွာပါ။ ရက္ပိုင္းအလိုမွာပဲ Best Buy Canada မွာ သူတို႔ကို စာရင္းတင္လိုက္ၿပီး ဓါတ္ပံုနဲ႔ Specs ေတြကို သိလာရပါတယ္။ Just Black နဲ႔ Clearly White အေရာင္ေတြကို ျမင္ရပါတယ္။

Promo Image မွာ Pixel 4 ဟာ စတူဒီယို အဆင့္ ဓါတ္ပံုေတြကို ရိုက္ကူးေပးႏုိင္တယ္လို႔ ေျပာထားပါတယ္။ ဒါ့အျပင္ လြယ္လြယ္ကူကူပဲ အလန္းစား ဓါတ္ပံုေတြ ဖမ္းယူေပးႏုိင္ၿပီး Edit လုပ္စရာ မလိုဘူးလို႔ ဆိုပါတယ္။

Quick Gestures ေတြ ပါလာမွာ ျဖစ္ၿပီး ဖုန္းကို ထိစရာမလိုဘဲ အလုပ္ေတြ ျပဳလုပ္ႏုိင္မွာပါ။ Google Photos မွာ အရည္အေသြး အျပည့္နဲ႔ ဓါတ္ပံုေတြ အကန္႔အသတ္ မရွိ သိမ္းဆည္းႏုိင္မွာပါ။ Pixel 4 ၂ လံုးနဲ႔ Pixel 3 XL ရဲ႕ Specs ေတြကိုလည္း ႏိႈင္းယွဥ္ျပသထားပါတယ္။ Specs Sheet မွာ Face Unlock သာ ပါတဲ့အတြက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ မပါလာႏုိင္ပါဘူး။

Ref : gsmarena

%d bloggers like this: