Android 10 အခြေပြု EMUI 10 ရသွားတဲ့ Huawei Mate 20 Pro

Android 10 ကို ဖုန်း ကုမ္ပဏီတွေက သူတို့ရဲ့ ဖုန်းတွေအတွက် စတင် ဖြန့်ချိပေးနေပါပြီ။ အခုလည်း Huawei က Android 10 အခြေပြု EMUI 10 ကို Mate 20 Pro အတွက် ဖြန့်ချိပေးလိုက်ပါတယ်။ ဖိုင်အရွယ်အစားဟာ 4.42GB ဖြစ်ပြီး Build Nmber က 10.0.0.136 ဖြစ်ပါတယ်။ နယ်သာလန်မှာ စတင် ရရှိနေပြီ ဖြစ်ပါတယ်။

Huawei က EMUI 10 ရမယ့် ဖုန်း စာရင်းကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ Huawei ရဲ့ Android 10 Q အခြေပြု EMUI 10 ကို မကြာခင်က ကြေညာခဲ့တဲ့ Mate 30 Series တွေမှာ အစောဆုံး ထည့်သွင်းပေးထားပါတယ်။ သူတို့နောက်မှာ Huawei P30 Series တွေ ရကြမှာပါ။ အခုတော့ Huawei က EMUI 10 Beta ရမယ့် Device စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စုစုပေါင်း ၃၃ လုံး ဖြစ်ပြီး အောက်တိုဘာလနဲ့ ဒီဇင်ဘာလကြားမှာ ဖြန့်ချိမှာပါ။

စာရင်းထဲမှာ Huawei နဲ့ Honor တို့ရဲ့ စမတ်ဖုန်း၊ တက်ဘလက်တွေပါပါတယ်။ Open နဲ့ Closed Beta Testing ဆိုပြီး အုပ်စု ၂ ခု ခွဲထားပါတယ်။

EMUI 10 (Open Beta)

• Huawei P30 / P30 Pro (Mid October)
• Huawei Mate 20 / Mate 20 Pro / Mate 20X (4G) / Mate 20 RS Porsche (Late October)
• Honor 20 / Honor 20 Pro / Honor V20 / Honor Magic 2 (Late October)
• Huawei Enjoy 8s / P Smart+ 2019 (Mid November)
• Honor 10 Youth Edition / Honor 20i (Mid November)
• Huawei Mate 10 / Mate 10 Pro / Mate 10 Porsche Design / Mate RS Porsche Design (Late November)

EMUI 10 (Closed Beta)

• Huawei nova 4e / Mate 20 Lite / Enjoy 10 Plus (Early October)
• Huawei P20 / P20 Pro (Late October)
• Huawei Mate 20X 5G (Early November)
• Huawei Nova 5 Pro (Mid November)
• Huawei Tab M6 8.4/10.8 (Mid November)
• Huawei nova 4 (Late November)
• Honor 10 / Honor V10 / Honor 8X (Late November)
• Honor 9X / Honor 9X Pro (Mid December)

Ref : gsmarena, gizmochina

Android 10 အခြေပြု EMUI 10 ရသွားတဲ့ Huawei Mate 20 Pro

%d bloggers like this: