Realme X2 Pro မှာ 12GB RAM နဲ့ 256GB Storage အထိ ပါမည်

Realme ရဲ့ CMO Xu Qi Chase က X2 Pro မှာ 12GB RAM နဲ့ 256GB Storage အထိ ပါမယ်လို့ သတင်းပေးလိုက်ပါတယ်။ Realme က မြန်ဆန်ချောမွတ်ပြီး ထိတွေ့သုံးရင် တိကျစေတဲ့ 135 Hz Sampling Rate ကို X2 Pro မှာ ထည့်သွင်းထားမယ်လို့ ဝီဘိုကနေ မကြာခင်ကပဲ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ဝ.၂၃ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်တဲ့ တတိယ မျိုးဆက် မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာမယ်လို့လည်း ကုမ္ပဏီက အတည်ပြုထားပါတယ်။

Realme က X2 Pro သူ့ရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ မကြာခင်ကလည်း Realme ရဲ့ Chief Product Officer ဖြစ်သူ Dereck Wang က စကရင်ရှော့ တစ်ခုကို မျှဝေလိုက်ပါတယ်။ Realme X2 Pro မှာ 60Hz နဲ့ 90Hz Refresh Rate ကို ပြောင်းလဲသုံးနိုင်တာကို ပြသထားပါတယ်။ အဲဒီအတွက် 90Hz Display ပါမှာ သေချာသွားပါပြီ။ 90Hz Display က ဖုန်းကို ထိတွေ့သုံးတဲ့ အခါမှာ တုန့်ပြန်မှုအားကောင်းပါတယ်။ အထူးသဖြင့် ဂိမ်းတွေ ကစားရင် အရမ်းကို လန်းပါတယ်။

သူဟာ Snapdragon 855 Plus ပါတဲ့ Realme ရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်လာမှာပါ။ မကြာခင်ကလည်း သူ့မှာ ကမ္ဘာ့ ပထမဆုံး 65W Fast Charging နည်းပညာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ OPPO က 65W SuperVOOC 2.0 Charging နည်းပညာကို ကြေညာထားတာ သိပ်မကြာသေးပါဘူး။ ဒီနည်းပညာက မိနစ် ၃၀ အတွင်းမှာ 4,000mAh Battery ကို ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Ref : gsmarena

Realme X2 Pro မှာ 12GB RAM နဲ့ 256GB Storage အထိ ပါမည်

%d bloggers like this: