16MP Triple Cameras ပါတဲ့ ZTE Blade A7s ကို ကြေညာ

ZTE က တရုတ်မှာ တန်ဖိုးနည်း စွမ်းရည်နိမ့် Blade A7s ကို ကြေညာလိုက်ပါတယ်။ သူ့ကို ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ၆.၀၈၈ လက်မ HD+ Display ထည့်သွင်းထားပြီး အရွယ်သေး Notch ပါပါတယ်။ 19.5:9 Aspect Ratio ဖြစ်ပြီး မျက်နှာပြင် အရှည် ဖြစ်တဲ့ အတွက် ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်လို့ ကောင်းပါတယ်။

MediaTek Helio P22 မောင်းနှင်ထားပြီး 4GB RAM , 64GB Storage ပါပါတယ်။ 4,000mAh Battery က အရွယ်ကြီးပေမယ့် လျှင်မြန်စွာ အားသွင်း စနစ် မပါပါဘူး။ ၁ ခါအားသွင်းထားရင် ၂ ရက်တောင် အသုံးခံတာက မိုက်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါပြီး 16MP Main , 8MP 120 Degree Superwide နဲ့ 2MP Depth Cameras တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပြီး AI Beautification Features တွေ ထည့်ထားပါတယ်။ လက်ဗွေရာ ကိရိယာတော့ မပါပါဘူး။ Face Unlock ပဲ ပါပါတယ်။ Android 9 အခြေပြု MiFavor 9.1 ပါပါတယ်။

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၇၀ ၀၀၀ လောက်ပဲရှိပါတယ်။ အပြာနဲ့ အနက်ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina

16MP Triple Cameras ပါတဲ့ ZTE Blade A7s ကို ကြေညာ

%d bloggers like this: