ကမ္ဘာအဝန်းမှာ ဒီလ ၁၆ ရက်နေ့မှာ ရောင်းမယ့် Nubia Red Magic 3s ရဲ့ ဈေးတွေထွက်လာပြီ

Nubia Red Magic 3s ကို တရုတ်မှာ ပြီးခဲ့တဲ့လက ရောင်းပေးခဲ့ပါတယ်။ 8/128GB ကို ယွမ် ၂၉၉၉ ( ၄၁၉ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ အခုတော့ ကုမ္ပဏီက ကမ္ဘာအဝန်းမှာ ရောင်းမယ့် ဈေးတွေကို ကြေညာလိုက်ပါတယ်။ ဈေးပိုမြင့်သွားပြီး 8/128GB ကို ၄၇၉ ဒေါ်လာရှိပါတယ်။ မြန်မာငွေ ၇၂၀ ၀၀၀ လောက် ကျသင့်မှာပါ။ အနက်နဲ့ ငွေရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၅၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

US, Canada, Europe, Australia, Hong Kong, Israel, Japan, Singapore, Indonesia, Taiwan နဲ့ Macao တို့မှာ Red Magic Website ကနေ ဝယ်ယူနိုင်မှာပါ။ ကုမ္ပဏီက အစောဆုံး ဝယ်ယူသူတွေအတွက် ဆုလက်ဆောင်တွေ ပေးအပ်မယ့် အစီအစဉ်တွေကို ပြုလုပ်ပေးထားပါတယ်။
သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ 90Hz Display , HDR Support တွေ ပါလာပါတယ်။ Active Cooling System နဲ့ ပန်ကာ ၁ လုံးထည့်သွင်းထားပြီး ဂိမ်း ကစားရင် အပူချိန်ကို လျှော့ချပေးပါတယ်။

Gamepad မလိုဘဲ ကစားနိုင်အောင် ထိတွေ့မှုကို အာရုံခံနိုင်တဲ့ Shoulder Triggers တွေ ထည့်ထားပါတယ်။ အဲဒီ ခလုတ်တွေကို ဂိမ်း အပေါ် မူတည်ပြီး သင်နှစ်သက်သလို Customize လုပ်နိုင်ပါတယ်။ Effects များစွာ ပါတဲ့ RGB Lighting ကိုလည်း Customize လုပ်နိုင်ပါတယ်။ Red Magic ရဲ့ Light Effects Editor မှာ အရောင် ၁၆.၈ သန်းကျော် ရှိပါတယ်။

Nubia Red Magic 3S specifications

• 6.65-inch (2340 × 1080 pixels) Full HD+ 19.5:9 AMOLED display with 90Hz refresh rate, 430 nits brightness
• Octa-Core Snapdragon 855 Plus (1 x Kryo 485 at 2.96GHz + 3 x Kryo 485 at 2.42GHz + 4 x Kryo 385 at 1.8GHz) 7nm Mobile Platform with 675MHz Adreno 640 GPU
• 8GB LPDDR4x RAM with 128GB (UFS 3.0) storage / 12GB LPDDR4x RAM with 256GB (UFS 3.0) internal storage
• Android 9.0 (Pie) with Redmagic OS 2.1
• Dual SIM (nano + nano)
• 48MP rear camera with 1/2.0″ Sony IMX586, 0.8μm pixel size, f/1.75 aperture, Dual LED flash
• 16MP front-facing camera with f/2.0 aperture
• Fingerprint sensor
• 3.5mm audio jack, Stereo front-facing speakers, DTS:X
• Dimensions: 171.7× 78.5x 9.65mm; Weight: 215g
• Dual 4G VoLTE, WiFi 802.11ac dual-band (2×2 MU-MIMO ), Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 5000mAh battery with 27W QC4.0, USB-PD fast charging

Ref : gsmarena

ကမ္ဘာအဝန်းမှာ ဒီလ ၁၆ ရက်နေ့မှာ ရောင်းမယ့် Nubia Red Magic 3s ရဲ့ ဈေးတွေထွက်လာပြီ

%d bloggers like this: