19:9 Display နဲ့ Triple Cameras တွေ ပါတဲ့ Motorola One Macro ကို ကြေညာ

သတင်းတွေ အများကြီးထွက်နေတဲ့ Motorola One Macro ကို ကြေညာလိုက်ပါပြီ။ သူ့မှာ အနီးကပ် ဓါတ်ပုံတွေ ရိုက်ကူးတဲ့ စွမ်းရည်ကို အဓိက အသားပေးထားပါတယ်။ ၆.၂ လက်မ HD+ 19:9 Max Vision Display ထည့်သွင်းထားပြီး Screen-to-body Ratio က ၈၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ MediaTek Helio P70 12nm Processor , 4GB RAM , Android 9.0 Pie တွေပါပါတယ်။ Android One Phone မဟုတ်ပါဘူး။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါပါတယ်။ Laser Auto Focus ပါတဲ့ 13MP Main , Portrait အတွက် 2MP နဲ့ Macro အတွက် 2MP Cameras တွေ ထည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာနဲ့ 4,000mAh Battery ပါပါတယ်။

Motorola One Macro specifications

• 6.2-inch (1520 x 720 pixels) Max Vision display
• Octa Core MediaTek Helio P70 12nm processor (Quad 2.1GHz Cortex A73 + Quad 2GHz Cortex A53 CPUs) with 900MHz ARM Mali-G72 MP3 GPU
• 4GB RAM, 64GB storage, expandable memory up to 512GB with microSD
• Hybrid Dual SIM (nano + nano / microSD)
• Android 9.0 (Pie)
• 13MP rear camera with LED flash, f/2.0 aperture, 1.12μm pixel size, Laser AF, PDAF, 2MP camera for macro and 2MP for portraits with f/2.2 aperture, 1.75μm pixel size
• 8MP front-facing camera with f/2.2 aperture, 1.12μm pixel size
• Fingerprint sensor
• 3.5mm audio jack, FM Radio
• Splash resistant (IPX2)
• Dual 4G VoLTE, WiFi 802.11 b/g/n, Bluetooth 4.2, GPS + GLONASS, USB Type-C
• 4000mAh battery with 10W charging

အပြာရောင် ထုတ်လုပ်ထားပြီး ရူပီး ၉၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်းလောက်ပဲရှိပါတယ်။

Ref : fonearena

19:9 Display နဲ့ Triple Cameras တွေ ပါတဲ့ Motorola One Macro ကို ကြေညာ

%d bloggers like this: