Redmi 7 , Note 7/ 7 Pro နဲ့ K20 အတွက် MIUI 11 Stable တရုတ်မှာ ရပြီ

[Unicode]

Xiaomi က Mi 9 Pro နဲ့ Mi Mix Alpha မိတ်ဆက်ပွဲမှာ MIUI 11 ကို ကြေညာခဲ့ပါတယ်။ အခုတော့ Redmi 7 , Redmi Note 7/ 7 Pro နဲ့ K20 အတွက် တရုတ်မှာ MIUI 11 Stable Build ကို ဖြန့်ချိပေးလိုက်ပါပြီ။ Redmi K20 အတွက် MIUI 11.0.3 ရဲ့ အရွယ်အစားဟာ 700MB ဖြစ်ပြီး Redmi 7 , Redmi Note 7 နဲ့ Note 7 Pro ရဲ့ MIUI 11.0.1.0 မှာ စက်တင်ဘာလအတွက် Security Patch ပါလာပါတယ်။

MIUI 11 မှာ ရုပ်ထွက်တွေကို ဆန်းသစ်ထားပါတယ်။ System-wide Dark Mode ၊ Dynamic Sounds Effects အသစ်တွေ ပါလာပါတယ်။ Mi Go Travel နဲ့ Mi Work Suites တွေ ထည့်သွင်းထားပါတယ်။

MIUI 11 ရဲ့ တရုတ် ဗားရှင်းမှာ Google Services တွေ မပါပါဘူး။ တခြားနိုင်ငံတွေအတွက် နောက်ပိုင်းမှာ MIUI 11 ကို ဖြန့်ချိပေးမှာ ဖြစ်ပြီး သိပ်မကြာတော့ဘူး ထင်ပါတယ်။ လာမယ့် ရက်သတ္တပတ်အတွင်းမှာ MIUI 11 ကို Devices များစွာအတွက် ဖြန့်ချိပေးမယ်လို့ Xiaomi က အတည်ပြုထားပါတယ်။

Ref : gsmarena

[Zawgyi]





Ref : gsmarena

%d bloggers like this: