၂၀၂၀ ေနာက္ပိုင္းထုတ္ Android ဖုန္းအားလုံး Android 10 အသုံးျပဳရမည္

Google ရဲ႕ Android OS အသစ္ “Android 10” ကို စက္တင္ဘာ ၃ ရက္ေန႔က တရားဝင္ ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ ေလာေလာဆယ္ Google Pixels ဖုန္းေတြနဲ႔ Essential နဲ႔ Redmi K20 Pro လို တျခားကုမၸဏီထုတ္ ဖုန္းတခ်ိဳ႕ေလာက္ပဲ Android 10 ရဦးမွာပါ။ ဒါေပမယ့္ ဝမ္းသာစရာ သတင္းတခုက ေနာက္ႏွစ္ကစၿပီး ထုတ္သမွ် Android ဖုန္းအသစ္အားလုံးမွာ Android 10 တပါတည္း ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီ ၃၁ ေနာက္ပိုင္းထုတ္ ဖုန္းအားလုံးကို Android 10-based Build တင္ျပႏိုင္မွ Google Mobile Services အသုံးျပဳခြင့္ေပးမွာ ျဖစ္ေၾကာင္း Google က ၫႊန္ၾကားလိုက္တာပါ။ ဖုန္းကုမၸဏီ OEM ေတြအေနနဲ႔ အရင္လို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖုန္းအသစ္ကို Android OS အေဟာင္းနဲ႔ ထုတ္ခြင့္ရမွာ မဟုတ္ေတာ့ပါဘူး။

Google ရဲ႕ ယခု ၫႊန္ၾကားခ်က္အသစ္ကို XDA Developers က စတင္ ေတြ႕ရွိခဲ့တာပါ။ OEM ေတြအတြက္ ထုတ္ျပန္ထားတဲ့ Google Certificiaton Requirements for Google Mobile Services မွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။ OEM ေတြအေနနဲ႔ အသစ္ထုတ္မယ့္ဖုန္းေတြအတြက္ Google Mobile Services အသုံးျပဳခြင့္ ေတာင္းခံမယ္ဆိုရင္ အထက္ပါ လိုအပ္ခ်က္ျပည့္မီမွ ခြင့္ျပဳခ်က္ေပးသြားမွာေတာ့မွာပါ။ Android 10-based Build မဟုတ္ဘဲ Android 9 နဲ႔ တင္သြင္းမယ္ဆိုရင္ လုံးဝ ခြင့္ျပဳေတာ့မွာ မဟုတ္ပါဘူး။

Google Mobile Services ဆိုရာမွာ Google Play Store အပါအဝင္ Google Apps နဲ႔ Services မ်ားစြာပါဝင္ပါတယ္။ တ႐ုတ္ျပည္တြင္းအတြက္ ထုတ္ထားတဲ့ ဖုန္းေတြကလြဲလို႔ က်န္ Android ဖုန္းအားလုံးမွာ Google Mobile Services အသုံးျပဳခြင့္ ပါဝင္ပါတယ္။ ကမာၻ႔ေစ်းကြက္မွာ Google Services မပါဘဲ ေရာင္းတဲ့ဖုန္းဆိုလို႔ Huawei Mate 30 Series ေလာက္ပဲ ႁခြင္းခ်က္ ရွိမွာပါ။

ဖုန္းကုမၸဏီေတြအေနနဲ႔ သူတို႔ Users ေတြကို ေနာက္ဆုံးေပၚ Android စနစ္ အခ်ိန္မီ ေထာက္ပံ့ေပးႏိုင္ဖို႔နဲ႔ Google ဘက္က Updates ေတြ အခ်ိန္နဲ႔ တေျပးညီ ေပးႏိုင္ေစဖို႔ အခုလို စည္းကမ္းအသစ္ ထုတ္လိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ၂၀၂၀၊ ဇန္နဝါရီ ၃၁ ေနာက္ပိုင္း ဆိုေတာ့ ဒီ့မတိုင္ခင္ တင္သြင္းမယ္ဆိုရင္ Android 9 Pie နဲ႔ပဲ ထုတ္ဖို႔ ခြင့္ျပဳခ်က္ ရဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခု ၁ ႏွစ္ေလာက္အတြင္း ထြက္လာမယ့္ဖုန္းအမ်ားစုမွေတ့ာ Android 9 Pie ပဲ ပါလာဖို႔ မ်ားပါတယ္။

ဘာပဲျဖစ္ျဖစ္ က်ေနာ္တို႔လို အသုံးျပဳသူေတြအတြက္ ေသခ်ာေပါက္ ဝမ္းသာစရာသတင္းတခုပါ။ အခုဆို Google ကလည္း Android 10 ကို တရားဝင္ ထုတ္ေပးထားၿပီးၿပီဆိုေတာ့ OEM ေတြအေနနဲ႔ ကိုယ္ပိုင္ Build ေတြ ျပင္ဆင္ဖို႔ အခ်ိန္ ၁ ႏွစ္ေလာက္ ရဦးမွာ ျဖစ္ပါတယ္။

Ref: XDA Developers, Android Central

(Unicode)

၂၀၂၀ နောက်ပိုင်းထုတ် Android ဖုန်းအားလုံး Android 10 အသုံးပြုရမည်

Google ရဲ့ Android OS အသစ် “Android 10” ကို စက်တင်ဘာ ၃ ရက်နေ့က တရားဝင် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ လောလောဆယ် Google Pixels ဖုန်းတွေနဲ့ Essential နဲ့ Redmi K20 Pro လို တခြားကုမ္ပဏီထုတ် ဖုန်းတချို့လောက်ပဲ Android 10 ရဦးမှာပါ။ ဒါပေမယ့် ဝမ်းသာစရာ သတင်းတခုက နောက်နှစ်ကစပြီး ထုတ်သမျှ Android ဖုန်းအသစ်အားလုံးမှာ Android 10 တပါတည်း ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃၁ နောက်ပိုင်းထုတ် ဖုန်းအားလုံးကို Android 10-based Build တင်ပြနိုင်မှ Google Mobile Services အသုံးပြုခွင့်ပေးမှာ ဖြစ်ကြောင်း Google က ညွှန်ကြားလိုက်တာပါ။ ဖုန်းကုမ္ပဏီ OEM တွေအနေနဲ့ အရင်လို အကြောင်းအမျိုးမျိုးကြောင့် ဖုန်းအသစ်ကို Android OS အဟောင်းနဲ့ ထုတ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

Google ရဲ့ ယခု ညွှန်ကြားချက်အသစ်ကို XDA Developers က စတင် တွေ့ရှိခဲ့တာပါ။ OEM တွေအတွက် ထုတ်ပြန်ထားတဲ့ Google Certificiaton Requirements for Google Mobile Services မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ OEM တွေအနေနဲ့ အသစ်ထုတ်မယ့်ဖုန်းတွေအတွက် Google Mobile Services အသုံးပြုခွင့် တောင်းခံမယ်ဆိုရင် အထက်ပါ လိုအပ်ချက်ပြည့်မီမှ ခွင့်ပြုချက်ပေးသွားမှာတော့မှာပါ။ Android 10-based Build မဟုတ်ဘဲ Android 9 နဲ့ တင်သွင်းမယ်ဆိုရင် လုံးဝ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။

Google Mobile Services ဆိုရာမှာ Google Play Store အပါအဝင် Google Apps နဲ့ Services များစွာပါဝင်ပါတယ်။ တရုတ်ပြည်တွင်းအတွက် ထုတ်ထားတဲ့ ဖုန်းတွေကလွဲလို့ ကျန် Android ဖုန်းအားလုံးမှာ Google Mobile Services အသုံးပြုခွင့် ပါဝင်ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ Google Services မပါဘဲ ရောင်းတဲ့ဖုန်းဆိုလို့ Huawei Mate 30 Series လောက်ပဲ ခြွင်းချက် ရှိမှာပါ။

ဖုန်းကုမ္ပဏီတွေအနေနဲ့ သူတို့ Users တွေကို နောက်ဆုံးပေါ် Android စနစ် အချိန်မီ ထောက်ပံ့ပေးနိုင်ဖို့နဲ့ Google ဘက်က Updates တွေ အချိန်နဲ့ တပြေးညီ ပေးနိုင်စေဖို့ အခုလို စည်းကမ်းအသစ် ထုတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ၂၀၂၀၊ ဇန်နဝါရီ ၃၁ နောက်ပိုင်း ဆိုတော့ ဒီ့မတိုင်ခင် တင်သွင်းမယ်ဆိုရင် Android 9 Pie နဲ့ပဲ ထုတ်ဖို့ ခွင့်ပြုချက် ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ၁ နှစ်လောက်အတွင်း ထွက်လာမယ့်ဖုန်းအများစုမှတေ့ာ Android 9 Pie ပဲ ပါလာဖို့ များပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်တို့လို အသုံးပြုသူတွေအတွက် သေချာပေါက် ဝမ်းသာစရာသတင်းတခုပါ။ အခုဆို Google ကလည်း Android 10 ကို တရားဝင် ထုတ်ပေးထားပြီးပြီဆိုတော့ OEM တွေအနေနဲ့ ကိုယ်ပိုင် Build တွေ ပြင်ဆင်ဖို့ အချိန် ၁ နှစ်လောက် ရဦးမှာ ဖြစ်ပါတယ်။

Ref: XDA Developers, Android Central

%d bloggers like this: