Samsung Galaxy Tab S6 ကို 5G ဗားရွင္း ထုတ္မည္

ၿပီးခဲ့တဲ့ ဇူလိုင္လက စတင္မိတ္ဆက္ေပးခဲ့တဲ့ Samsung Galaxy Tab S6 ဟာ လက္ရွိမွာ အေကာင္းဆုံး Android Tablet တလုံး ဆိုတာ ျငင္းစရာရွိမယ္ မထင္ပါဘူး။ သိပ္မၾကာခင္မွာ ဒီ့ထက္ေတာင္ ပိုေကာင္းလာပါဦးမယ္။ ဘာလို႔လည္းဆိုေတာ့ Samsung က Galaxy Tab S6 ကို 5G ဗားရွင္းဆိုၿပီး ထပ္ထုတ္ေနလို႔ပါ။ အခုအခ်ိန္ထိ ဘယ္ကုမၸဏီမွ 5G Tablet ထုတ္ေနတာ မၾကားရေသးတဲ့အတြက္ Tab S6 ဟာ ကမာၻ႔ပထမဆုံး 5G Tablet လည္း ျဖစ္လာဖို႔ မ်ားပါတယ္။

ဒီအေၾကာင္းကိုေတာ့ Wi-Fi နဲ႔ Bluetooth အသိအမွတ္ျပဳလက္မွတ္ Database ထဲကေန GalaxyClub ဝဘ္ဆိုဒ္က စတင္သိရွိခဲ့တာ ျဖစ္ပါတယ္။ ေမာ္ဒယ္နံပါတ္ SM-T866N နဲ႔ ေတြ႕ခဲ့ရတာပါ။ “N” ဆိုတာ ပုံမွန္အားျဖင့္ ေတာင္ကိုရီးယားကို ရည္ၫႊန္းတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေတာင္ကိုရီးယားမွာပဲ ထုတ္ေပးမယ္လို႔ ယူဆရပါတယ္။

Samsung ရဲ႕ မိခင္ႏိုင္ငံ ေတာင္ကိုရီးယားကလည္း ေလာေလာဆယ္မွာ 5G ကြန္ရက္ အသုံးျပဳသူအမ်ားဆုံး ႏိုင္ငံတခု ျဖစ္ပါတယ္။ Galaxy S10 5G ဆိုလည္း ေတာင္ကိုရီးယားမွာ ေတာ္ေတာ္ေလး ေရာင္းေကာင္းတဲ့ ဖုန္းတလုံးပါ။ ေနာက္ထပ္ 5G ဗားရွင္း Samsung ဖုန္းေတြျဖစ္တဲ့ Galaxy Fold ၊ Note 10 နဲ႔ A90 ဖုန္းေတြဆိုလည္း ကမာၻအႏွံ႔မွာ ေရာင္းအား အေတာ္အသင့္ေကာင္းခဲ့ပါတယ္။ အခုလို 5G ကနဦးကာလမွာ 5G ကြန္ရက္ နည္းေနေသးတာရယ္၊ 5G ဖုန္းေတြ ေစ်းႀကီးေသးေနရယ္တို႔ေၾကာင့္ ဒီလို ေရာင္းေကာင္းဖို႔ဆိုတာ မလြယ္ပါဘူး။

Samsung Galaxy Tab S6 ဟာ စတင္ထြက္ရွိစဥ္ကတည္းက HDR10+ Display ပါဝင္တဲ့ ကမာၻ႔ပထမဆုံး Tablet ဆိုတဲ့ ဂုဏ္ပုဒ္ကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ Tablet တလုံး ျဖစ္ပါတယ္။ ယခုသတင္းအတိုင္းဆို မၾကာခင္မွာ ကမာၻ႔ပထမဆုံး 5G Tablet ဂုဏ္ပုဒ္ကိုပါ ထပ္မံ သိမ္းပိုက္ေတာ့မယ့္ပုံပါပဲ။

Galaxy Tab S6 ဟာ လက္ရွိမွာလည္း အေကာင္းဆုံး Android Tablet တလုံး ျဖစ္တာေၾကာင့္ 5G ဗားရွင္းထြက္လာလည္း ေသခ်ာေပါက္ ေရာင္းေကာင္းဦးမွာ ျဖစ္ပါတယ္။ သတင္းထြက္ေနတဲ့အတိုင္း ေတာင္ကိုရီးယားမွာပဲ ေရာင္းဖို႔ ရွိ၊ မရွိ ဆိုတာ တခုပဲ ေစာင့္ၾကည့္ရမွာပါ။ ဒါေပမယ့္ အခုဆို ကမာၻ႔ၿမိဳ႕ႀကီးအခ်ိဳ႕မွာလည္း 5G ေတြ ရၾကေနၿပီဆိုေတာ့ ေတာင္ကိုရီးယားအျပင္လည္း ေရာက္လာမယ္လို႔ ထင္ပါတယ္။

Ref: GSM Arena, Android Authority

(Unicode)

Samsung Galaxy Tab S6 ကို 5G ဗားရှင်း ထုတ်မည်

ပြီးခဲ့တဲ့ ဇူလိုင်လက စတင်မိတ်ဆက်ပေးခဲ့တဲ့ Samsung Galaxy Tab S6 ဟာ လက်ရှိမှာ အကောင်းဆုံး Android Tablet တလုံး ဆိုတာ ငြင်းစရာရှိမယ် မထင်ပါဘူး။ သိပ်မကြာခင်မှာ ဒီ့ထက်တောင် ပိုကောင်းလာပါဦးမယ်။ ဘာလို့လည်းဆိုတော့ Samsung က Galaxy Tab S6 ကို 5G ဗားရှင်းဆိုပြီး ထပ်ထုတ်နေလို့ပါ။ အခုအချိန်ထိ ဘယ်ကုမ္ပဏီမှ 5G Tablet ထုတ်နေတာ မကြားရသေးတဲ့အတွက် Tab S6 ဟာ ကမ္ဘာ့ပထမဆုံး 5G Tablet လည်း ဖြစ်လာဖို့ များပါတယ်။

ဒီအကြောင်းကိုတော့ Wi-Fi နဲ့ Bluetooth အသိအမှတ်ပြုလက်မှတ် Database ထဲကနေ GalaxyClub ဝဘ်ဆိုဒ်က စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-T866N နဲ့ တွေ့ခဲ့ရတာပါ။ “N” ဆိုတာ ပုံမှန်အားဖြင့် တောင်ကိုရီးယားကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားမှာပဲ ထုတ်ပေးမယ်လို့ ယူဆရပါတယ်။

Samsung ရဲ့ မိခင်နိုင်ငံ တောင်ကိုရီးယားကလည်း လောလောဆယ်မှာ 5G ကွန်ရက် အသုံးပြုသူအများဆုံး နိုင်ငံတခု ဖြစ်ပါတယ်။ Galaxy S10 5G ဆိုလည်း တောင်ကိုရီးယားမှာ တော်တော်လေး ရောင်းကောင်းတဲ့ ဖုန်းတလုံးပါ။ နောက်ထပ် 5G ဗားရှင်း Samsung ဖုန်းတွေဖြစ်တဲ့ Galaxy Fold ၊ Note 10 နဲ့ A90 ဖုန်းတွေဆိုလည်း ကမ္ဘာအနှံ့မှာ ရောင်းအား အတော်အသင့်ကောင်းခဲ့ပါတယ်။ အခုလို 5G ကနဦးကာလမှာ 5G ကွန်ရက် နည်းနေသေးတာရယ်၊ 5G ဖုန်းတွေ ဈေးကြီးသေးနေရယ်တို့ကြောင့် ဒီလို ရောင်းကောင်းဖို့ဆိုတာ မလွယ်ပါဘူး။

Samsung Galaxy Tab S6 ဟာ စတင်ထွက်ရှိစဉ်ကတည်းက HDR10+ Display ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး Tablet ဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ Tablet တလုံး ဖြစ်ပါတယ်။ ယခုသတင်းအတိုင်းဆို မကြာခင်မှာ ကမ္ဘာ့ပထမဆုံး 5G Tablet ဂုဏ်ပုဒ်ကိုပါ ထပ်မံ သိမ်းပိုက်တော့မယ့်ပုံပါပဲ။

Galaxy Tab S6 ဟာ လက်ရှိမှာလည်း အကောင်းဆုံး Android Tablet တလုံး ဖြစ်တာကြောင့် 5G ဗားရှင်းထွက်လာလည်း သေချာပေါက် ရောင်းကောင်းဦးမှာ ဖြစ်ပါတယ်။ သတင်းထွက်နေတဲ့အတိုင်း တောင်ကိုရီးယားမှာပဲ ရောင်းဖို့ ရှိ၊ မရှိ ဆိုတာ တခုပဲ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အခုဆို ကမ္ဘာ့မြို့ကြီးအချို့မှာလည်း 5G တွေ ရကြနေပြီဆိုတော့ တောင်ကိုရီးယားအပြင်လည်း ရောက်လာမယ်လို့ ထင်ပါတယ်။

Ref: GSM Arena, Android Authority

%d bloggers like this: