21:9 Display နဲ့ Sony Xperia 8 ကို မိတ်ဆက်

Sony ရဲ့ Xperia 8 ဖုန်းမော်ဒယ်အသစ်ကို ဂျပန်နိုင်ငံမှာ ယနေ့ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဇိုင်းအားဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ MWC 2019 ပွဲတုန်းက ပြသခဲ့တဲ့ Xperia 10 နဲ့ ဆင်တူပါတယ်။ Specs အရတော့ Xperia 10 ထက် မဆိုစလောက်လေး နိမ့်သွားပါတယ်။

Sony Xperia 8 Features and Specs

Sony ဖုန်းအများစုလိုပဲ ရေစိုခံပါတယ်။ ရေစိုခံနိုင်စွမ်း IPX5/X8 နဲ့ ဖုန်မှုန့်ဝင်ရောက်မှုကနေ ကာကွယ်နိုင်စွမ်း IP6X အဆင့်သတ်မှတ်ချက် ရရှိထားပါတယ်။ ဖုန်း အရှေ့ကော အနောက်ကိုပါ Gorilla Glass 6 အုပ်ပေးထားတာကြောင့် တော်ရုံတန်ရုံ ပွန်းပဲ့ပြုတ်ကျတာလောက်ကို ရင်ခုန်စရာလိုမှာ မဟုတ်ပါဘူး။

Full HD+ Resolution ရှိတဲ့ 6.0-inch IPS LCD Display နဲ့ပါ။ အခုနောက်ပိုင်း Sony ဓာတ်ကျနေတဲ့ 21:9 “Cinematic” Aspect Ratio ကို သုံးထားတာကြောင့် Display နဲ့ ဖုန်းကိုယ်ထည်က သာမန်ဖုန်းတွေထက် အနည်းငယ်ရှည်နေမှာပါ။

Sony ကတော့ ဖုန်းကို လက်ဖဝါးထဲ အလွယ်တကူ ဆုပ်ကိုင်ထားနိုင်တယ်လို့ ဆိုပါတယ်။ စခရင်ရှည်တာကြောင့် Apps နှစ်ခုခွဲသုံးတာ (Split-screen Mode) တွေ ကောင်းကောင်း အသုံးပြုနိုင်မှာပါတဲ့။ Android 9 Pie-based Xperai UI နဲ့ပဲ ထွက်ရှိလာမှာပါ။ Display ရဲ့ ဘေးစွန်းကို နှစ်ချက်နှိပ်လိုက်ရင် သုံးနေကြ Apps တွေနဲ့ Settings တွေ ပါဝင်တဲ့ Side Sense bar လည်း ပါလာဦးမှာ ဖြစ်ပါတယ်။

ကျောဘက်မှာ f/1.8 Aperture နဲ့ 12MP Sensor တလုံးရယ် f/2.4 Aperture နဲ့ 8MP Depth Sensor တလုံးရယ် စုစုပေါင်း နှစ်လုံးပါဝင်ပါတယ်။ 2x Optical Zoom ဆွဲနိုင်ပြီး၊ ရှုခင်း ၁၃ မျိုးလောက် ခွဲခြားသိပါတယ်။ 4K Video အထိ EIS နဲ့ ရိုက်ကူးနိုင်မှာပါ။ Slow-mo ကတော့ အများဆုံး 120fps ပဲ ရပါသေးတယ်။ ရှေ့ကင်မရာကတော့ f/2.0 Aperture နဲ့ 8MP ကင်မရာတလုံးတည်း ဖြစ်ပါတယ်။ Portrait Selfie စတဲ့ Beautify Modes တွေ အစုံအလင် ပါဝင်လာမှာပါ။

Sony Xperia 8 မှာ Snapdragon 630 SoC ကို အသုံးပြုထားပြီး၊ 4G RAM နဲ့ 64GB Storage တို့ ပါဝင်ပါတယ်။ ဘက်ထရီက 2,760mAh ပဲ ရှိတော့ ၆ လက်မ Display အနေနဲ့ နည်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ ဒီဘက်ထရီကို ၂ နှစ် သုံးပြီးတာတောင် လုံးဝ အရည်အသွေးကျဆင်းမှု ရှိမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။

ဘေးဘက်လက်ဗွေရာဆန်ဆာ၊ microSD ကတ်အပေါက်၊ Bluetooth 5.0၊ NFC၊ 3.5mm Audio Jack အစုံအလင် ပါဝင်မှာ ဖြစ်ပါတယ်။ အသံပိုင်းအတွက် LDAC၊ Hi-Res Audio နဲ့ DSEE HX Digital Sound Enhancement Engine တို့ လည်း ပါဝင်ပါတယ်။

ဈေးနှုန်းအနေနဲ့ Sony Xperia 8 ကို ဂျပန်မှာ ယန်း ၅၄,၀၀၀ သတ်မှတ်ထားပါတယ်။ ၅၀၅ ဒေါ်လာလောက် ရှိမှာပါ။ အနက်၊ အဖြူ၊ လိမ္မော်နဲ့ အပြာ ဆိုပြီး ရောင်စုံ ထုတ်သွားမှာပါ။ အခုအောက်တိုဘာလထဲမှာပဲ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက် ရောက်၊ မရောက်တော့ သေချာမသိရသေးပါဘူး။

Ref: Gizmochina, GSM Arena

21:9 Display နဲ့ Sony Xperia 8 ကို မိတ်ဆက်

%d bloggers like this: