၂၀၂၀ ခုနှစ်မှာ iPhone 12 နာမည်နဲ့ ထွက်လာနိုင်

[Unicode]

Apple ဟာ iPhone X က စပြီး ဖုန်းနာမည်ကို ပြောင်းခဲ့တဲ့ အတွက် နောက်ထုတ်မယ့် iPhone နာမည်တွေကို မှန်းဆရတာ ခက်ခဲလာပါတယ်။ ဒီနှစ်မှာလည်း ပထမဆုံး အနေနဲ့ Pro နာမည်ကို သုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ Max နာမည်ကို သုံးခဲ့ပါသေးတယ်။ အဲဒီအတွက် လာမယ့်နှစ်ထုတ် iPhone တွေရဲ့ နာမည်ဟာ စိတ်ဝင်စားစရာကောင်းလာပါတယ်။ အခုတော့ Apple အကြောင်း လေ့လာဆန်းစစ်သူ တစ်ယောက်က လာမယ့်နှစ်ထုတ် ဖုန်းကို iPhone 12 လို့ နာမည်ပေးထားမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

Apple ဟာ ၂၀၀၉ ခုနှစ်ကတည်းက ဖုန်းမော်ဒယ် အသစ်ကို S နာမည်နဲ့ ပွဲထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်ကတော့ ချွင်းချက် ဖြစ်ခဲ့ပြီး iPhone 7S ထွက်မလာသလို iPhone 9 ကိုလည်း ကျော်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာလည်း iPhone 11S မဟုတ်ဘဲ iPhone 12 နာမည်နဲ့ထွက်လာနိုင်ပါတယ်လို့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က ပြောပါတယ်။

iPhone 12 မလာခင်မှာတော့ iPhone SE 2 ထွက်လာနိုင်ပါတယ်။ သူ့မှာ LCD Screen နဲ့ A13 Bionic Chip ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ၂၀၂၀ ခုနှစ် ပထမသုံးလအတွင်းမှာ သူ့ကို ကြေညာနိုင်ပါတယ်။ အရင်သတင်းတွေအရ iPhone 11 တွေ ရောင်းအားကျနေတာကို ဖာထေးဖို့ iPhone SE 2 ကို ထုတ်လုပ်တာလို့ သိရပါတယ်။

ref : wccftech

[Zawgyi]

၂၀၂၀ ခုနွစ္မွာ iPhone 12 နာမည္နဲ႔ ထြက္လာႏိုင္

Apple ဟာ iPhone X က စၿပီး ဖုန္းနာမည္ကို ေျပာင္းခဲ့တဲ့ အတြက္ ေနာက္ထုတ္မယ့္ iPhone နာမည္ေတြကို မွန္းဆရတာ ခက္ခဲလာပါတယ္။ ဒီႏွစ္မွာလည္း ပထမဆံုး အေနနဲ႔ Pro နာမည္ကို သံုးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ Max နာမည္ကို သံုးခဲ့ပါေသးတယ္။ အဲဒီအတြက္ လာမယ့္ႏွစ္ထုတ္ iPhone ေတြရဲ႕ နာမည္ဟာ စိတ္၀င္စားစရာေကာင္းလာပါတယ္။ အခုေတာ့ Apple အေၾကာင္း ေလ့လာဆန္းစစ္သူ တစ္ေယာက္က လာမယ့္ႏွစ္ထုတ္ ဖုန္းကို iPhone 12 လို႔ နာမည္ေပးထားမယ္လို႔ ေဟာကိန္းထုတ္လုိက္ပါတယ္။

Apple ဟာ ၂၀၀၉ ခုနွစ္ကတည္းက ဖုန္းေမာ္ဒယ္ အသစ္ကို S နာမည္နဲ႔ ပြဲထုတ္ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၇ ခုႏွစ္ကေတာ့ ခြ်င္းခ်က္ ျဖစ္ခဲ့ၿပီး iPhone 7S ထြက္မလာသလို iPhone 9 ကိုလည္း ေက်ာ္ခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္မွာလည္း iPhone 11S မဟုတ္ဘဲ iPhone 12 နာမည္နဲ႔ထြက္လာႏိုင္ပါတယ္လို႔ ေလ့လာဆန္းစစ္သူ Ming-Chi Kuo က ေျပာပါတယ္။

iPhone 12 မလာခင္မွာေတာ့ iPhone SE 2 ထြက္လာႏုိင္ပါတယ္။ သူ႔မွာ LCD Screen နဲ႔ A13 Bionic Chip ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ ၂၀၂၀ ခုႏွစ္ ပထမသံုးလအတြင္းမွာ သူ႔ကို ေၾကညာႏုိင္ပါတယ္။ အရင္သတင္းေတြအရ iPhone 11 ေတြ ေရာင္းအားက်ေနတာကို ဖာေထးဖို႔ iPhone SE 2 ကို ထုတ္လုပ္တာလို႔ သိရပါတယ္။

ref : wccftech

%d bloggers like this: