လေယာဉ်ပေါ်ကပြုတ်ကျတာတောင် ဘာမှ မဖြစ်တဲ့ iPhone 6s Plus

[Unicode]

ဓါတ်ပုံဆရာ Haukur Snorrason ရဲ့ iPhone 6s Plus ဟာ ၂၀၁၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့မှာ လေယာဉ်ပေါ်ကနေ ပြုတ်ကျသွားခဲ့ပါတယ်။ ၁ နှစ်ကျော်ကြာပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ သူ့ရဲ့ iPhone ကို အကောင်းအတိုင်း ပြန်တွေ့ခဲ့ပါပြီ။ ဒီသတင်းက တော်တော်ကို အံ့အားသင့်စရာကောင်းပါတယ်။

သူ့ရဲ့ ဖုန်းဟာ တောထူထပ်ပြီး မြစ်ချောင်းများပြားတဲ့ South Iceland က Skafta မှာ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ပြုတ်ကျတဲ့ အချိန်မှာ လေယာဉ်ဟာ မီတာ ၆၀( ပေ ၂၀၀) အမြင့်မှာပျံသန်းနေတာ ဖြစ်ပါတယ်။ Haukur က နယ်ခံတွေကို ဆက်သွယ်ပြီး ရှာခိုင်းခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ သူ့ရဲ့ ဖုန်းကတော့ လစ်သွားပြီလို့ ထင်ခဲ့ပါတယ်။ ၁ နှစ်ကျော်ကြာပြီးနောက်မှာတော့ တောင်တက်သမားတွေက တွေ့ရှိပြီး အဲဒီ ဖုန်းကနေ သူ့ထံ ဖုန်းခေါ်ခဲ့ပါတယ်။ Haukur ဟာ အရမ်းကို အံ့သြဝမ်းသာသွားခဲ့ပါတယ်။

ဒီထက်ပိုထူးခြားတာက ဖုန်းဟာ ပြုတ်ကျချိန်မှာ ဗီဒီယို ဖမ်းယူပေးထားတာ ဖြစ်ပါတယ်။ ဒီလောက်အမြင့်ကနေ ပြုတ်ကျတာတောင် ဘာမှ မဖြစ်တာ Apple ရဲ့ အစွမ်း ၁ ခုထဲတော့ မဟုတ်ပါဘူး။ ဖုန်းဟာ ထူထဲတဲ့ အပင်တွေပေါ်ကို ပြုတ်ကျခဲ့လို့ဖြစ်ပါတယ်။

Ref : tnw

[Zawgyi]





Ref : tnw

%d bloggers like this: