Pop-up Selfie Camera ပါတဲ့ Motorola Moto Phone ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

[Unicode]

Motorola Latin America Community ရဲ့ Facebook Page မှာ Motorola ရဲ့ စမတ်ဖုန်း အသစ် ၁ လုံးရဲ့ ဓါတ်ပုံတွေထွက်ပေါ်လာပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးက မော်တာ အခြေပြု Pop-up Selfie Camera ဖြစ်ပါတယ်။ Motorola က သူ့ရဲ့ စမတ်ဖုန်းတွေမှာ Pop-up Selfie Camera ကို ထည့်သွင်းပေးထားဖူးခြင်း မရှိပါဘူး။ အဲဒီအတွက် အဲဒီ စမတ်ဖုန်းဟာ Pop-up Selfie Camera ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

ဓါတ်ပုံတွေအရ အဲဒီ စမတ်ဖုန်းမှာ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကိုပါးလွှာပြီး Full Screen Design ဖြစ်ပါတယ်။ အနောက်ဘက်မှာ Moto Logo ရေးထွင်းထားပါတယ်။

ဓါတ်ပုံတွေကို ပို့စ် ၂ ခုနဲ့ ခွဲပြီး တင်ခဲ့တာ ဖြစ်ပြီး သူဟာ Moto One ရဲ့ မော်ဒယ်ခွဲ ၁ ခု ဖြစ်နိုင်သလို Moto G ရဲ့ မျိုးဆက်လည်း ဖြစ်နိုင်ပါတယ်။ Community Members အများစုက ဒါဟာ One Device ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ လာမယ့် ရက်သတ္တပတ်တွေမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ပိုသိလာရမှာပါ။

Ref : gsmarena

[Zawgyi]





Ref : gsmarena

%d bloggers like this: