ဒီလ ၁၀ ရက်နေ့မှာ ကြေညာမယ့် OnePlus 7T Pro

မကြာခင်က OnePlus 7T ကို ကြေညာခဲ့ပေမယ့် 7T Pro မပါလာခဲ့ပါဘူး။ အခုတော့ အိန္ဒိယက Amazon.in က 7T Pro အတွက် ဝက်ဘ်စာမျက်နှာကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပြီး ဒီလ ၁၀ ရက်နေ့မှာ ကြေညာမယ်လို့ ဖော်ပြထားပါတယ်။ သူနဲ့အတူ 7T Pro McLaren Edition ကိုလည်း ကြေညာနိုင်ပါတယ်။

အရင်သတင်းတွေအရ 7T Pro မှာ ၆.၆၅ လက်မ 3100x1440p Display ပါလာမှာပါ။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ မျက်နှာပြင်ဟာ 90Hz Refresh Rate ဖြစ်ပြီး HDR10+ ကို ထောက်ပံ့ပါတယ်။ Snapdragon 855+, 8GB RAM , 256GB Storage တွေ ပါလာမှာပါ။ 48MP Main , 8MP Telephoto နဲ့ 16MP Ultrawide Cameras တွေ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 16MP Camera ပါပါတယ်။

Android 10 အခြေပြု OxygenOS ထည့်ထားမှာပါ။ Warp Charge 30T ပါတဲ့ 4085mAh Battery ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena

ဒီလ ၁၀ ရက်နေ့မှာ ကြေညာမယ့် OnePlus 7T Pro

%d bloggers like this: