Xiaomi Mi Band 5 မှာ NFC ပါမည်

ဇွန်လက တရုတ်မှာ ကြေညာခဲ့တဲ့ Xiaomi Mi Band 4 မှာ NFC နဲ့ Microphone ပါလာခဲ့ပါတယ်။ ဒါပေမယ့် Mi Smart Band 4 လို့ နာမည်ပေးထားတဲ့ Global Model မှာ အဲဒါတွေ မပါလာခဲ့ပါဘူး။ အခုတော့ Mi Band 5 ရဲ့ Global Model မှာ NFC ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Microphone ပါလာမလားဆိုတာ မသိရသေးပါဘူး။ အရင် Model တွေထက် ပိုပြီး အဆင့်မြင့်လာမှာ ဖြစ်သလို ပိုပြီး မာကျောလာမယ်လို့ သတင်းထွက်နေပါတယ်။

Mi Band 5 ကိုလည်း စတင် ဖန်တီးနေပြီလို့ Xiaomi အတွက် Mi Band တွေ ဖန်တီးပေးနေတဲ့ Huami ရဲ့ စီအီးအို Wang Huang က သြဂုတ်လက ပြောခဲ့ပါတယ်။ သူက “ Mi Band 5 ကို ရောင်းမယ့် အချိန်ကို မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် Xiaomi နဲ့ ပူးပေါင်းပြီး သူ့ကို စတင် ဖန်တီးနေပါပြီ။ သိပ်မကြာခင် ကြေညာနိုင်တော့မှာဖြစ်ပါတယ်။ Mi Band 4 ကို ရောင်းထားတာ မကြာသေးပါဘူး။ အဲဒီအတွက် လာမယ့်နှစ်လောက်မှာ Mi Band 5 ကို ရောင်းချနိုင်ပါတယ်။ “ လို့ ပြောခဲ့ပါတယ်။

Mi Band 5 ကို ၂၀၂၀ ခုနှစ် အလယ်လောက်မှာ ရောင်းချနိုင်ပါတယ်။ လာမယ့်နှစ် ဇွန်လလောက် ဖြစ်နိုင်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေခြင်း မရှိသေးပါဘူး။ Mi Band 4 ကတော့ ၂၅ ဒေါ်လာသာ ရှိတဲ့အတွက် ဈေးသက်သာပါတယ်။ မီတာ ၅၀ အနက်အထိ ရေစိုခံတဲ့ စံနှုန်း ပါလာပါတယ်။ ရေကူးခြင်းကို တွက်ချက်တိုင်းတာပေးပါတယ်။ လက်ပစ်ကူး၊ လိပ်ပြာကူး၊ ပက်လက်ကူး စတဲ့ ရေကူးနည်းများကိုလည်း သူက နားလည်ပါတယ်။

Mi Band 4 မှာ နှလုံးခုန်နှုန်းတိုင်းတာတဲ့ ဆန်ဆာနဲ့ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းလို ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးဖို့ Six-Axis Accelerometer ပါပါတယ်။ လက်ပတ်ကို Bluetooth 5.0 ဖြင့် ဖုန်းနဲ့ချိတ်ဆက်နိုင်ပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် ရက် ၂၀ လောက် အသုံးခံပါတယ်။

Ref : gsmarena

Xiaomi Mi Band 5 မှာ NFC ပါမည်

%d bloggers like this: