3D Selfie Photo တွေ ရိုက်ကူးပေးမယ့် Smartphone Accessory

Bellus3D Company က ဖုန်းမှာ တပ်ဆင်နိုင်တဲ့ 3D Selfie Camera ကို ပြသလိုက်ပါတယ်။ သူ့ကို ကုမ္ပဏီ ဝက်ဆိုက်ကနေ ၄၉၉ ဒေါ်လာဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အမည်မှာ Bellus3D Face Camera Pro ဖြစ်ပြီး သူ့မှာ ပါတဲ့ အနီအောင်ရောင်ခြည် ကင်မရာစနစ်က သင့်မျက်နှာကို 3D စနစ်ဖြင့် ဖမ်းယူမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ သင့်ဖုန်း အရှေ့ ကင်မရာကနေ သင့်မျက်နှာရဲ့ အရောင်ပါတဲ့ အသေးစိတ် ဓါတ်ပုံကို ဖမ်းယူမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဆော့ဖ်ဝဲက အဲဒီ ဓါတ်ပုံနှစ်ခုကို ပေါင်းစပ်၍ 3D Selfie Photo ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

Bellus3D Face Camera နဲ့ ရုပ်လုံးကြွ ဓါတ်ပုံ ရိုက်ကူးရတာ လွယ်ကူပါတယ်။ သူ့ကို သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက်မှာ USB-C Port ကနေ ချိတ်ဆက်ပြီး ဓါတ်ပုံရိုက်ကူးစဉ်မှာ သင့် ဦးခေါင်းကို ဘယ်ဘက်ကနေ ညာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ပါ။ ကုမ္ပဏီက သူ့ ကင်မရာရဲ့ အသုံးဝင်မှုများကိုလည်း ပြောကြားခဲ့ပါသေးတယ်။ သူ့ရဲ့ နည်းပညာဟာ Apple Face ID နဲ့ ဆင်တူပါတယ်။

လူတစ်ယောက်ရဲ့ မျက်နှာကို 3D စနစ်ဖြင့် အာရုံခံခြင်းဖြင့် Face ID လုံခြုံရေး စနစ်ကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ နေအိမ်လုံခြုံရေးများမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီနည်းပညာကို ဖုန်းများမှာ တပါတည်း ထည့်သွင်းဖို့အတွက်လည်း ကြိုးစားနေပါတယ်။

Ref : theverge

3D Selfie Photo တွေ ရိုက်ကူးပေးမယ့် Smartphone Accessory

%d bloggers like this: