Dual Stereo Speakers ပါမှာ သေချာသွားတဲ့ Realme X2 Pro

Realme X2 Pro ရဲ့ သတင်းတွေ နေ့တိုင်းလိုလို ထွက်ပေါ်နေပါတယ်။ အခုလည်း ကုမ္ပဏီက သူ့မှာ Dolby Atmos နဲ့ Hi-Res Audio Certification ထောက်ပံ့တဲ့ Dual Stereo Speakers တွေ ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက တွစ်တာမှာ တင်လိုက်တဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

ကုမ္ပဏီရဲ့ Chief Marketing Officer ဖြစ်သူ Xu Qi Chase က Snapdragon 855 Plus ပါတဲ့ ပထမဆုံး စွမ်းရည်မြင့် Realme Phone ကို မကြာခင်မှာ ကြေညာတော့မယ်လို့ ဝီဘိုကနေ အတည်ပြုထားပါတယ်။ အဲဒီဖုန်းဟာ Realme X2 Pro ဖြစ်ပါတယ်။

မကြာခင်ကလည်း Realme ရဲ့ Chief Product Officer ဖြစ်သူ Dereck Wang က စကရင်ရှော့ တစ်ခုကို မျှဝေလိုက်ပါတယ်။ Realme X2 Pro မှာ 60Hz နဲ့ 90Hz Refresh Rate ကို ပြောင်းလဲသုံးနိုင်တာကို ပြသထားပါတယ်။ အဲဒီအတွက် 90Hz Display ပါမှာ သေချာသွားပါပြီ။ 90Hz Display က ဖုန်းကို ထိတွေ့သုံးတဲ့ အခါမှာ တုန့်ပြန်မှုအားကောင်းပါတယ်။ အထူးသဖြင့် ဂိမ်းတွေ ကစားရင် အရမ်းကို လန်းပါတယ်။

Realme X2 Pro မှာ 64MP Quad Camera ပါမယ်ဆိုတာ ကုမ္ပဏီက အတည်ပြုပြီးပါပြီ။ မနေ့ကပဲ အနောက်ကင်မရာတွေကို အလယ်ဗဟိုမှာ တပ်ဆင်ထားမယ်ဆိုတာကို ကုမ္ပဏီက သတင်းပေးလိုက်ပါတယ်။ အရင်က ထုတ်လုပ်ထားတဲ့ Realme 5, 5 Pro , XT နဲ့ X2 တွေမှာ အနောက်ကင်မရာတွေကို ဘယ်ဘက်ထိပ်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် 20x Hybrid Zoom ပါလာမယ်လို့လည်း ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ အလန်းစား 50W Fast Charging ပါလာနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Dual Stereo Speakers ပါမွာ ေသခ်ာသြားတဲ့ Realme X2 Pro

Realme X2 Pro ရဲ႕ သတင္းေတြ ေန႔တိုင္းလိုလို ထြက္ေပၚေနပါတယ္။ အခုလည္း ကုမၸဏီက သူ႔မွာ Dolby Atmos နဲ႔ Hi-Res Audio Certification ေထာက္ပံ့တဲ့ Dual Stereo Speakers ေတြ ပါမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ကုမၸဏီက တြစ္တာမွာ တင္လိုက္တဲ့ ဗီဒီယိုကို ေအာက္မွာ ေလ့လာႏုိင္ပါတယ္။

ကုမၸဏီရဲ႕ Chief Marketing Officer ျဖစ္သူ Xu Qi Chase က Snapdragon 855 Plus ပါတဲ့ ပထမဆံုး စြမ္းရည္ျမင့္ Realme Phone ကို မၾကာခင္မွာ ေၾကညာေတာ့မယ္လို႔ ၀ီဘိုကေန အတည္ျပဳထားပါတယ္။ အဲဒီဖုန္းဟာ Realme X2 Pro ျဖစ္ပါတယ္။

မၾကာခင္ကလည္း Realme ရဲ႕ Chief Product Officer ျဖစ္သူ Dereck Wang က စကရင္ေရွာ့ တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ Realme X2 Pro မွာ 60Hz နဲ႔ 90Hz Refresh Rate ကို ေျပာင္းလဲသံုးႏုိင္တာကို ျပသထားပါတယ္။ အဲဒီအတြက္ 90Hz Display ပါမွာ ေသခ်ာသြားပါၿပီ။ 90Hz Display က ဖုန္းကို ထိေတြ႕သံုးတဲ့ အခါမွာ တုန္႔ျပန္မႈအားေကာင္းပါတယ္။ အထူးသျဖင့္ ဂိမ္းေတြ ကစားရင္ အရမ္းကို လန္းပါတယ္။

Realme X2 Pro မွာ 64MP Quad Camera ပါမယ္ဆိုတာ ကုမၸဏီက အတည္ျပဳၿပီးပါၿပီ။ မေန႔ကပဲ အေနာက္ကင္မရာေတြကို အလယ္ဗဟိုမွာ တပ္ဆင္ထားမယ္ဆိုတာကို ကုမၸဏီက သတင္းေပးလိုက္ပါတယ္။ အရင္က ထုတ္လုပ္ထားတဲ့ Realme 5, 5 Pro , XT နဲ႔ X2 ေတြမွာ အေနာက္ကင္မရာေတြကို ဘယ္ဘက္ထိပ္မွာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ 20x Hybrid Zoom ပါလာမယ္လို႔လည္း ကုမၸဏီက အတည္ျပဳလိုက္ပါတယ္။ အလန္းစား 50W Fast Charging ပါလာနိုင္ပါတယ္။

Ref : gsmarena

%d bloggers like this: