Asus ROG Phone II ရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယိုကို ဒီမှာရှိုးလိုက်

JerryRigEverything YouTube Channel က Zack ဟာ စမတ်ဖုန်းတွေရဲ့ အကြမ်းခံမှုကို စမ်းသပ်စစ်ဆေးတဲ့ ဗီဒီယိုတွေကြောင့် နာမည်ကျော်ပါတယ်။ အခုလည်း သူက Asus ROG Phone II ကို ဆော်လိုက်ပါပြီ။

ထုံးစံအတိုင်းပဲ Scratch Tests နဲ့ Bend Tests တွေကို Zack က ပြုလုပ်ခဲ့ပါတယ်။ အရှေ့နဲ့ အနောက်က Gorilla Glass 6 ဟာ Mohs Scale 5 အထိ ခြစ်ရာ မထင်ပါဘူး။ 6 မှာတော့ အရှေ့နဲ့ အနောက်မှာခြစ်ရာတွေထင်လာပါတယ်။ ဘေးဘက်ကိုယ်ထည်က သတ္တုဖြစ်ပြီး Bend Test ကို အောင်မြင်ခဲ့ပေမယ့် ပျက်ဆီးတာတွေ ရှိခဲ့ပါတယ်။

ထူထဲပြီး မာကျောပေမယ့် ROG Phone II ဟာ USB-C Connector ရဲ့ အားနည်းမှုကြောင့် ကွေးညွှတ်လို့တော့ ရနေတာ မြင်ရပါတယ်။

Ref : gsmarena

Asus ROG Phone II ရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယိုကို ဒီမှာရှိုးလိုက်

%d bloggers like this: