Xiaomi Mi TV တွေ အိန္ဒိယမှာ ၁ မိနစ်အတွင်း ၄၃ လုံး ရောင်းချနိုင်ခဲ့

[Unicode]

Xiaomi Mi TV တွေဟာ ဒေဝါလီ ပွဲတော်အတွင်း Flipkart, Amazon India and Mi.com တို့နဲ့ ပူးပေါင်းပြုလုပ်တဲ့ ဈေးရောင်းပွဲတော်မှာ အလုံးရေ ၂၅၀ ၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ Mi TV တွေဟာ ဈေးချိုပြီး အလန်းစား လုပ်ဆောင်ချက်တွေ ပါတဲ့အတွက် အိန္ဒိယမှာ လူကြိုက်များပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဈေးရောင်းပွဲတော်မှာ ပျမ်းမျှအားဖြင့် ၁ မိနစ်မှာ ၄၃ လုံး ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ၄ ရက်နေ့မှာ ဈေးရောင်းပွဲတော်ကို ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။


ဈေးရောင်းပွဲတော်မှာ Mi TV တွေကို ဒစ်စကောင့်တွေနဲ့ ရောင်းပေးခဲ့တာပါ။ Mi LED TV 4A Pro 32 ကို ရူပီး ၃၅၀၀ လျှော့ပေးပြီး ရူပီး ၁၁ ၄၉၉ နဲ့ ရောင်းပေးခဲ့ပါတယ်။ ၄၃ လက်မ Mi LED TV 4A Pro ကို ရူပီး ၆၀၀၀ လျှော့ပေးပြီး ရူပီး ၁၉ ၉၉၉ နဲ့ ဝယ်ယူနိုင်ခဲ့ပါတယ်။ ၃၂ လက်မ Mi TV 4C ကို ရူပီး ၄၀၀၀ လျှော့ပေးပြီး ၅၅ လက်မ Mi LED TV 4X Pro ကို ရူပီး ၁၂ ၀၀၀ တောင် ဈေးလျှော့ပေးခဲ့ပါတယ်။

အဲဒီ ဈေးရောင်းပွဲတော်မှာ မကြာခင်က ကြေညာခဲ့တဲ့ ၄၃ လက်မ၊ ၅၀ လက်မ၊ ၆၅ လက်မ Mi TV 4X နဲ့ ၄၀ လက်မ Mi TV 4A တို့ကိုပါ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ Xiaomi India ရဲ့ အကြီးအကဲ Eshwar Nilakanta က “ ရက်အနည်းငယ်အတွင်းမှာ အလုံးရေ ၂၅၀ ၀၀၀ ကျော် ရောင်းချနိုင်ခဲ့တာဟာ Mi Fans တွေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : indiatoday

[Zawgyi]

Xiaomi Mi TV ေတြ အိႏၵိယမွာ ၁ မိနစ္အတြင္း ၄၃ လံုး ေရာင္းခ်ႏုိင္ခဲ့

Xiaomi Mi TV ေတြဟာ ေဒ၀ါလီ ပြဲေတာ္အတြင္း Flipkart, Amazon India and Mi.com တို႔နဲ႔ ပူးေပါင္းျပဳလုပ္တဲ့ ေစ်းေရာင္းပြဲေတာ္မွာ အလံုးေရ ၂၅၀ ၀၀၀ ေက်ာ္ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ Mi TV ေတြဟာ ေစ်းခ်ိဳၿပီး အလန္းစား လုပ္ေဆာင္ခ်က္ေတြ ပါတဲ့အတြက္ အိႏၵိယမွာ လူႀကိဳက္မ်ားပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ေစ်းေရာင္းပြဲေတာ္မွာ ပ်မ္းမွ်အားျဖင့္ ၁ မိနစ္မွာ ၄၃ လံုး ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ၄ ရက္ေန႔မွာ ေစ်းေရာင္းပြဲေတာ္ကို ရပ္နားလိုက္ၿပီ ျဖစ္ပါတယ္။


ေစ်းေရာင္းပြဲေတာ္မွာ Mi TV ေတြကို ဒစ္စေကာင့္ေတြနဲ႔ ေရာင္းေပးခဲ့တာပါ။ Mi LED TV 4A Pro 32 ကို ရူပီး ၃၅၀၀ ေလွ်ာ့ေပးၿပီး ရူပီး ၁၁ ၄၉၉ နဲ႔ ေရာင္းေပးခဲ့ပါတယ္။ ၄၃ လက္မ Mi LED TV 4A Pro ကို ရူပီး ၆၀၀၀ ေလွ်ာ့ေပးၿပီး ရူပီး ၁၉ ၉၉၉ နဲ႔ ၀ယ္ယူႏုိင္ခဲ့ပါတယ္။ ၃၂ လက္မ Mi TV 4C ကို ရူပီး ၄၀၀၀ ေလွ်ာ့ေပးၿပီး ၅၅ လက္မ Mi LED TV 4X Pro ကို ရူပီး ၁၂ ၀၀၀ ေတာင္ ေစ်းေလွ်ာ့ေပးခဲ့ပါတယ္။

အဲဒီ ေစ်းေရာင္းပြဲေတာ္မွာ မၾကာခင္က ေၾကညာခဲ့တဲ့ ၄၃ လက္မ၊ ၅၀ လက္မ၊ ၆၅ လက္မ Mi TV 4X နဲ႔ ၄၀ လက္မ Mi TV 4A တို႔ကိုပါ ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။ Xiaomi India ရဲ႕ အႀကီးအကဲ Eshwar Nilakanta က “ ရက္အနည္းငယ္အတြင္းမွာ အလံုးေရ ၂၅၀ ၀၀၀ ေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တာဟာ Mi Fans ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

Ref : indiatoday

%d bloggers like this: