48MP Quad Camera ပါတဲ့ OPPO Reno2 F ကို ရောင်းပြီ

OPPO Reno2 F ကို သြဂုတ်လက ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၂၅ ၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်းခွဲလောက်ရှိပါတယ်။ Amazon.in နဲ့ မြေပြင် စတိုးဆိုင်တွေကနေ အိန္ဒိယ နိုင်ငံအဝန်းမှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

OPPO Reno2 F ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ OPPO Reno2 F မှာ 48MP Main Camera , 8MP Ultra Wide Camera နဲ့ 2MP Camera ၂ လုံး ထည့်ထားပါတယ်။ Helio P70 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM , 128GB Storage ထည့်ထားပါတယ်။

OPPO Reno2 F မှာ၆.၅၃ လက်မ AMOLED Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အရည်အသွေးက FHD+ ဖြစ်ပါတယ်။ Notch မပါဘဲ 16MP Pop-up Selfie Camera ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ 4,000mAh Battery ပါပြီး VOOC 3.0 20W Charging လည်း ပံ့ပိုးထားပါတယ်။ Sky White နဲ့ Lake Green အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

[Zawgyi]





Ref : gsmarena

%d bloggers like this: