iPhone 11 ထုတ်လုပ်မှုကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်

Apple ရဲ့ iPhone 11 Series တွေဟာ ထင်ထားတာထက် ရောင်းအားလန်းနေပုံပေါ်ပါတယ်။ ကုမ္ပဏီက ထုတ်လုပ်မှုကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တယ်လို့ သတင်းထွက်လာပါတယ်။ ဂျပန် မီဒီယာ The Nikkei က အလုံးရေ ၇ သန်း ကနေ ၈ သန်း အထိ ပိုထုတ်လုပ်မယ်လို့ ပြောပါတယ်။ အများစုကတော့ iPhone 11 Model ကို ပိုထုတ်လုပ်မှာပါ။

အဲဒီ အခြေအနေနဲ့ ရင်းနှီးတဲ့ သတင်းအရင်းအမြစ်က အရင်နှစ်ထုတ် iPhone တွေဟာ ရောင်းအား သိပ်မကောင်းခဲ့ဘဲ ဒီနှစ်မှာတော့ ရောင်းအားတက်လာတယ်လို့ ပြောပါတယ်။ Apple ဟာ iPhone အသစ်ထွက်တိုင်း ရောင်းအား တက်လေ့ရှိတာက အထူးအဆန်းတော့ မဟုတ်ပါဘူး။

ဒီလို ရောင်းအားတိုးတက်နေတာဟာ အမေရိကန် အစိုးရက တရုတ်မှာ ထုတ်လုပ်တဲ့ အီလက်ထရောနစ် ထုတ်ကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်တိုးမြှင့်မှုကို ယာယီ ရွှေ့ဆိုင်းထားလို့လည်း ဖြစ်ပါတယ်။ Apple iPhone တွေကို တရုတ်မှာ အဓိက ထုတ်လုပ်တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရကသာ အခွန်တိုးမြှင့် ကောက်ခံရင် iPhone အသစ်တွေရဲ့ ဈေးဟာ ပိုမြောက်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ Thanksgiving ပွဲတော် နဲ့ Christmas အားလပ်ရက် ရာသီတွေမှာ ရောင်းအား ပိုလန်းလာမှာပါ။

Ref : gsmarena

iPhone 11 ထုတ်လုပ်မှုကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်

%d bloggers like this: