OPPO Reno 2 Series တွေကို ဗြိတိန်မှာ ၁၆ ရက်နေ့တွင် ရောင်းမည်

[Unicode]

OPPO Reno 2 Series တွေ ဖြစ်တဲ့ Reno 2 , Reno 2 Z နဲ့ Reno 2 F တို့ကို သြဂုတ်လမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူတို့ကို ဗြိတိန်မှာ ၁၆ ရက်နေ့တွင် ရောင်းတော့မှာ ဖြစ်ပါတယ်။ လန်ဒန်ရှိ English National Ballet မှာ မိတ်ဆက်ပွဲကျင်းပမှာပါ။

ကုမ္ပဏီက မလေးရှားမှာ သူတို့ကို Tease လုပ်နေတဲ့ အတွက် မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရက်အတိအကျကို မသိရသေးပါဘူး။ လာမယ့် ရက်ပိုင်းအတွင်းမှာ သိလာရနိုင်ပါတယ်။

Reno 2 ရဲ့ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာပြီး Screen-to-body Ratio မှာ ၉၃.၁ ရာခိုင်နှုန်းတောင် ရှိပါတယ်။ Game Boost 2.0 က ဂိမ်းကစားရင် အရမ်းကို ချောမွတ်စေပါတယ်။ ကင်မရာ အပိုင်းမှာ OIS နဲ့ EIS ကို ပေါင်းစပ်ထားတဲ့ Ultra Steady Video Mode ပါလာပါတယ်။ ဒါ့အပြင် Ultra Dark Mode ၊ အရှေ့နဲ့ အနောက်ကင်မရာတွေအတွက် Bokeh Video ထည့်ထားပါတယ်။

ငါးမန်းတောင် ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပြီး ဝ.၈ စက္ကန့်အတွင်းမှာ အထုတ်၊ အသွင်း လုပ်နိုင်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ VOOC 3.0 Fast Charging ပါတဲ့ 4,000mAh Battery ပါပါတယ်။

အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ ရူပီး ၃၆ ၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၇၈၀ ၀၀၀ လောက် တန်ကြေးရှိပါတယ်။

OPPO Reno 2 specifications

• 6.55-inch (2400 × 1080 pixels) Full HD+ 20:9 aspect ratio Dynamic AMOLED display with 100% NTSC color gamut, Corning Gorilla Glass 6 protection
• Octa Core (2.2GHz Dual + 1.8GHz Hexa) Snapdragon 730G Mobile Platform with Adreno 618 GPU
• 8GB LPDDR4X RAM with 256GB (UFS 2.1) storage, expandable memory with microSD
• Android 9.0 (Pie) with ColorOS 6.0
• Hybrid Dual SIM (nano + nano / microSD)
• 48MP rear camera with LED flash, 1/2.25″ Sony IMX586 sensor, f/1.7 aperture, 0.8um pixel size, PDAF, OIS, EIS 8MP 116-degree Ultra Wide Lens, 13MP telephoto lens for 5x Hybrid Optical Zoom, 20X digital zoom, 2MP mono lens
• 16MP front-facing camera with LED flash
• In-display fingerprint sensor
• 3.5mm audio jack, Dolby Atmos
• Dimensions: 160×74.3×9.5mm; Weight: 189g
• Dual 4G VoLTE, WiFi 802.11ac dual-band (2×2 MU-MIMO ), Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 4000mAh (Typical) / 3915mAh (minimum) battery with VOOC 3.0 fast charging

Ref : fonearena , gsmarena

[Zawgyi]










%d bloggers like this: