64MP Quad Camera ကို အလယ်မှာ တပ်ဆင်ထားမယ့် Realme X2 Pro

Realme X2 Pro မှာ 64MP Quad Camera ပါမယ်ဆိုတာ ကုမ္ပဏီက အတည်ပြုပြီးပါပြီ။ အခုတော့ အနောက်ကင်မရာတွေကို အလယ်ဗဟိုမှာ တပ်ဆင်ထားမယ်ဆိုတာကို ကုမ္ပဏီက သတင်းပေးလိုက်ပါတယ်။ အရင်က ထုတ်လုပ်ထားတဲ့ Realme 5, 5 Pro , XT နဲ့ X2 တွေမှာ အနောက်ကင်မရာတွေကို ဘယ်ဘက်ထိပ်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် 20x Hybrid Zoom ပါလာမယ်လို့လည်း ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ အလန်းစား 50W Fast Charging ပါလာနိုင်ပါတယ်။

Realme က X2 ထက် ပိုလန်းတဲ့ X2 Pro ကို ဖန်တီးနေတယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။ သူ့ရဲ့ သတင်းအချက်အလက်တွေကိုလည်း မျှဝေနေပါတယ်။ မကြာခင်ကလည်း Realme ရဲ့ Chief Product Officer ဖြစ်သူ Dereck Wang က စကရင်ရှော့ တစ်ခုကို မျှဝေလိုက်ပါတယ်။ Realme X2 Pro မှာ 60Hz နဲ့ 90Hz Refresh Rate ကို ပြောင်းလဲသုံးနိုင်တာကို ပြသထားပါတယ်။ အဲဒီအတွက် 90Hz Display ပါမှာ သေချာသွားပါပြီ။ 90Hz Display က ဖုန်းကို ထိတွေ့သုံးတဲ့ အခါမှာ တုန့်ပြန်မှုအားကောင်းပါတယ်။ အထူးသဖြင့် ဂိမ်းတွေ ကစားရင် အရမ်းကို လန်းပါတယ်။

ကုမ္ပဏီရဲ့ Chief Marketing Officer ဖြစ်သူ Xu Qi Chase က Snapdragon 855 Plus ပါတဲ့ ပထမဆုံး စွမ်းရည်မြင့် Realme Phone ကို မကြာခင်မှာ ကြေညာတော့မယ်လို့ ဝီဘိုကနေ အတည်ပြုထားပါတယ်။ သူ့ရဲ့ လျှို့ဝှက်နာမည်မှာ Super Warrior/Samurai ဖြစ်ပါတယ်။ ဒါဟာ Realme X2 Pro ကို ရည်ညွှန်းတာဖြစ်နိုင်ပါတယ်။ ကုမ္ပဏီက Chipset ကိုပဲ အဆင့်မြှင့်ထားမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena

64MP Quad Camera ကို အလယ်မှာ တပ်ဆင်ထားမယ့် Realme X2 Pro

%d bloggers like this: