OPPO မှ 65W SuperVOOC၊ 30W Wireless VOOC နဲ့ VOOC 4.0 နည်းပညာအသစ်သုံးမျိုးကို စတင်မိတ်ဆက်

နိုင်ငံတကာ စမတ်ဖုန်းလောကကို ဦးဆောင်လျက်ရှိတဲ့ OPPOကနေ flash charge နည်းပညာ သုံးခုဖြစ်တဲ့ 65W SuperVOOC Fast Charge 2.0၊ 30W Wireless VOOC Flash Charge နဲ့ VOOC Flash Charge 4.0 ကို စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလို အမြန်အားသွင်းစနစ် နည်းပညာအသစ်တွေကို မိတ်ဆက်လိုက်တာဟာ OPPOအတွက် အမြန်အား သွင်းစနစ်ရဲ့ ဦးဆောင်သူ နေရာကို ထပ်မံ အားဖြည့်ပေးလိုက်တာ  ဖြစ်ပြီး  စမတ်ဖုန်းနယ်ပယ်ထဲမှာ 5G ခေတ်ကို ဝင်ရောက်နေတဲ့  နောက်ထပ် ခြေလှမ်းတစ်ခု လည်း ဖြစ်ပါတယ်။

OPPO ရဲ့ flash charge team ကို ဦးဆောင်သူ   Zhang Jialiang  မှ “ VOOC Flash Charge နည်းပညာက လူအများရဲ့ အားသွင်းစနစ်အပေါ်ထားရှိတဲ့ အမြင်ကို ပြောင်းလဲပေးမှာဖြစ်ပြီး ကမ္ဘာအန့ှံအပြားမှာရှိတဲ့ OPPO ဖုန်းအသုံးပြုသူ ၁၅၄ သန်းကျော်ကို နောက်ဆုံးပေါ်အားသွင်းစနစ် အတွေ့အကြုံတွေကို ယူဆောင် လာပေးမှာ ဖြစ်ပြီး အနာဂတ်မှာဆိုရင်လည်း OPPO ကနေ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ VOOC, Super VOOC နှင့် Wireless VOOC ကို အဆင့်မြှင့်တင်မှုတွေ ထပ်မံ့ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

65W SuperVOOC: နောက်ဆုံးပေါ် အဆန်းသစ်ဆုံး အားသွင်းစနစ်နည်းပညာ

OPPO ကနေ အသစ်ထပ်မံ မိတ်ဆက်ပေးလိုက်တဲ့ SuperVOOC 2.0 ဟာ OPPO ကနေ နောက်ထွက်ရှိလာမယ့် စမတ်ဖုန်းအသစ် ဖြစ်တဲ့ OPPO Reno Aceမှာ ပွဲဦးထွက်ပါဝင်မယ့် ကမ္ဘာ့ ခေတ်ရှေ့ပြေး အားသွင်းစနစ်  နည်းပညာတစ်ခုဖြစ်သလို 4000 mAh ရှိတဲ့ Battery ကိုလည်း မိနစ် (၃၀)အတွင်း  အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

65W Super VOOC 2.0 က အားသွင်းရာမှာ အပူထုတ်လုပ်မှုကို လျှင်မြန်စွာ လျှော့ချပေးမှာ ဖြစ်တဲ့အတွက် လျှင်မြန်ကောင်းမွန်တဲ့ အားသွင်းစနစ် အတွေ့အကြုံကို ခံစားရမှာ အသေအချာဘဲ ဖြစ်ပါတယ်။ Gallium Nitride (GaN) semiconductor ကို အသုံးပြု ထားသောကြောင့် adapter အရွယ်အစားလည်း   ပိုမို သေးငယ်သွားမှာ ဖြစ်ပါတယ်။ SuperVOOC 2.0 က အားသွင်းတဲ့ စွမ်းဆောင်ရည်ကို  ပိုမိုကောင်းမွန်လာစေရုံသာမက အန္တရာယ် ကင်းကင်းနဲ့ အသုံးပြုနိုင်ဖို့အတွက် လုံခြုံရေးစနစ်တစ်ခု ဖြစ်တဲ့ five safety protection ကိုလည်း adaptor၊ wire နဲ့ handset ထဲမှာလည်း ထည့်သွင်းပေးထားပါတယ်။

 

Wire ါတဲ့ Charger လို လျှင်မြန်စွာအားသွင်းနိုင်တဲ့ အရည်အသွေးမြင့် 30W Wireless VOOC Flash Charge

ဈေးကွက်အတွင်းမှာ အကောင်းဆုံးသော Wireless Charging နည်းပညာကို အသုံးပြုထားတဲ့ 30W Wireless VOOC Flash Charge က မိနစ်၈၀အတွင်း4000 mAh ဘက်ထရီကို အပြည့်အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ VOOC 4.0 ကို အသစ်ထွက် OPPO K5 တွင် ထည့်သွင်ပေးသွားမှာဖြစ်ပြီး နောက်မျိုးဆက်စမတ်ဖုန်းတွေရဲ့ အလျှင်မြန်ဆုံးသော အားသွင်းစနစ်လောကရဲ့ အဖြေတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

30W Wireless VOOC Flash Charge တွင် လုံခြုံမှုအပိုင်းကိုလည်း တိုးမြှင့်ပေးထားပြီး အပူလွန်ကဲခြင်း၊ HVDCနဲ့ ပြင်ပမှာရှိတဲ့ အရာဝတ္တုတွေကို  ထောက်လှမ်းပေးနိုင်တဲ့ function ပါရှိတဲ့အတွက် ပြင်ပက သတ္တုပစ္စည်းတွေ ဝင်ရောက်လာတာနဲ့ charging သွင်းတဲ့စနစ်က ချက်ချင်းရပ်တန့်သွားမှာ ဖြစ်ပါတယ်။

 

30W VOOC 4.0 : မျိုးဆက်သစ် အလျှင်မြန်ဆုံးအားသွင်းစနစ်

65W SuperVOOC 2.0 နဲ့ 30W Wireless VOOC Flash Charge အပြင် OPPO ကနေ VOOC Flash Charge ကိုလည်း Version 4 အထိအဆင့် မြှင့်တင်လိုက်ပြီ  ဖြစ်ပါတယ်။  VOOC 4.0 ဟာ ယခင်ထုတ်လုပ်ထားတဲ့ VOOC 3.0 နဲ့ နှိုင်းယှဉ်မယ်ဆိုရင် charging power များတဲ့အတွက် 4000 mAh battery ရဲ့ ၆၇ ရာခိုင်နှုန်းကို မိနစ် (၃၀)အတွင်း၊ ၁၀၀ ရာခိုင်နှုန်းကို (၇၃) မိနစ်အတွင်း အားသွင်းနိုင်မှာ ဖြစ်ပြီး  ယခင်မျိုးဆက်ထက်  ၁၂ ရာခိုင်နှုန်း  ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

ပိုမိုစွမ်းဆောင်ရည် မြင့်မားတဲ့ adapter နဲ့ cell design ကြောင့် Charging  စနစ်တစ်ခုလုံးရဲ့ internal resistance ကိုလျော့ချပေးပြီး အားသွင်းနေတဲ့အချိန် ဖုန်းအသုံးပြု ပါကလည်း အပူချိန်ကို ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ VOOC 3.0 မတိုင်ခင် ထွက်ရှိထားတဲ့ Flash Charge protocols များနှင့် နှိုင်းယှဉ်လျှင် VOOC 4.0 သည် နောက်ထွက်လာမယ့် စမတ်ဖုန်း မျိုးဆက်များမှာ ပါဝင်လာမယ့် အကောင်းဆုံးသော နည်းပညာ တစ်ခုဖြစ်ပြီး full load charging power ဖြစ်သော 5V4A (20W) ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုသူကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မယ့် OPPO ရဲ့ VOOC Flash Charge နည်းပညာသုံးခု

OPPOသည် အသုံးပြုသူများအတွက် လျှင်မြန်တဲ့ အားသွင်းစနစ်ကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့်  ပိုမိုကောင်းမွန်ပြီး  အဆင့်မြှင့်တင်ထားတဲ့  နည်းပညာ သုံ းခုကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ VOOC နည်းပညာကို မိတ်ဆက်ပေးတဲ့ ၂၀၁၄ ခုနှစ်ကနေ စတင်ပြီး OPPO ဟာ ကမ္ဘာ့အန့ှံ မူပိုင်ခွင့် ၁,၇၀၀  ကျော်ရရှိခဲ့ပြီး  ကမ္ဘာ့နေရာအနှံ့အပြားမှာရှိတဲ့ အသုံးပြုသူ ၁၄၅သန်း ကျော်ကို Flash Charge အတွေ့အကြုံ  တွေကို  ကွဲပြားခြားနားတဲ့ devices အမျိုးအစား (၃၀) မှာ ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ OPPO မှ VOOC ecosystemကို   ဆက်လက်ကျယ်ပြန့်စေဖို့အတွက်  ပြင်ပကုမ္ပဏီ ၂၀ကျော်နဲ့ ပူးပေါင်းကာ လုပ်ဆောင်လျက် ရှိပါတယ်။

ယနေ့ခေတ်မှာ Power-demanding apps နဲ့ 5G network တွေဟာ ဘက်ထရီသက်တမ်း နဲ့  အားသွင်းစနစ်တွေ အပေါ် အထူးသက်ရောက်မှုများ ရှိလာပြီ ဖြစ်ပါတယ်။ OPPO မှ အဆတ်မပြတ် VOOC Flash Charge နည်းပညာကို အဆင့်မြှင့်တင်လျက်ရှိပြီး အသုံးပြုသူအတွက် နေ့စဉ်ဘဝမှာ အချိန်ဘယ်လောက်ဘဲရှိရှိ လိုအပ်တဲ့အခါတိုင်း အားသွင်းနိုင်ဖို့အတွက် နည်းပညာအသစ်တွေကို ရှာဖွေဖော်ထုတ်လျက်ရှိပါတယ်။ ဒါ့အပြင် OPPO မှ ကမ္ဘာ့နေရာ အနှံ့အပြားမှာရှိတဲ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်အလိုက် နည်းပညာလောကကိုဦးဆောင်မယ့် ဆန်းသစ်တဲ့ တီထွင်မှုတွေနဲ့ စစ်မှန်တဲ့ Flash Charge experience ကို ပေးနိုင်အောင်လည်း ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။

#OPPOMYANMAR

%d bloggers like this: