ZTE Blade 20 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

အမေရိကန်ဆက်သွယ်ရေးကော်မရှင် (FCC) မှာ ZTE Blade 20 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ လေးထောင့်ပုံသဏ္ဍာန် ကင်မရာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ FCC မှာ User Manual နဲ့ ဖုန်း ဒီဇိုင်း တစ်ခုလုံးကို ဖော်ပြထားပါတယ်။ ဒါပေမယ့် အရှေ့ဘက် ဒီဇိုင်းကို သေချာမမြင်ရပါဘူး။ Notch ပါမယ်လို့ ထင်ရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံး ထည့်သွင်းထားပါတယ်။ ကင်မရာတွေကို ဘယ်ဘက်ထိပ်မှာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ အဲဒီအတွက် မျက်နှာပြင်အောင် လက်ဗွေရာ ကိရိယာ ပါတဲ့ OLED Display တော့ မဟုတ်ပါဘူး။ ပါဝါနဲ့ အသံခလုတ်တွေကို ဖုန်းရဲ့ ညာဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။ အားအမြန်သွင်းနိုင်တဲ့ USB-C Port နဲ့ 3.5mm Headphone Jack ပါပါတယ်။
Blade 20 မှာ အရွယ်ကြီး 5,000mAh Battery တပ်ဆင်ထားပြီး 18W Fast Charging ပါပါတယ်။ တခြား Specifications တွေကိုတော့ မသိရသေးပါဘူး။ သူ့ကို ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် သိပ်မကြာတော့ဘူးလို့ ထင်ပါတယ်။

Ref : gizmochina

ZTE Blade 20 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

%d bloggers like this: