Google Pixel 4 XL ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Google Pixel 4 XL ရဲ့ လိမ္မော်ရောင်တောက်တောက် မော်ဒယ် ဓါတ်ပုံ ၁ ပုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဘေးဘက်နဲ့ အရှေ့ဘက် ကိုယ်ထည်ကတော့ အနက်ရောင် ဖြစ်ပါတယ်။ ပါဝါခလုတ်ကို ပန်းရောင်ဖျော့ ဒီဇိုင်းပြုလုပ်ထားပါတယ်။

ပြီးခဲ့တဲ့ လမှာ Google က Pixel 4 Series မိတ်ဆက်ပွဲအတွက် ဖိတ်စာတွေကို မျှဝေခဲ့ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကြေညာမှာ သေချာသွားပါပြီ။ အရင်သတင်းတွေအရ Google Pixel 4 နဲ့ Pixel 4 XL မှာ 90Hz Display ပါမယ်လို့ သိရပါတယ်။ အရွယ်သေး Pixel 4 မှာ ၅.၇ လက်မ FHD+ Display နဲ့ အရွယ်ကြီး Pixel 4 XL မှာ ၆.၃ လက်မ QHD+ Display ပါလာမှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Pixel 4 ရဲ့ ဓါတ်ပုံ ၁ ပုံ အွန်လိုင်းကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့ရဲ့ ဓါတ်ပုံများစွာ အရင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပေမယ့် ဒီဓါတ်ပုံကတော့ ကြည်လင်ပြတ်သားပြီး သူ့ရဲ့ ဒီဇိုင်းကို အသေးစိတ် လေ့လာနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်က လွဲပြီး ကျန် သုံးဘက်က ဘောင်တွေဟာ အရမ်းကို ပါးလွှာပါတယ်။ ထိပ်က ဘောင်မှာ ဆဲလ်ဖီး ကင်မရာ၊ Earpiece နဲ့ တခြား ဆန်ဆာတွေ ထည့်သွင်းထားတဲ့ အတွက် အနည်းငယ် ထူပါတယ်။

ဓါတ်ပုံမှာ Wallpaper ကို ပြသထားပြီး P နဲ့ 4 စာလုံးတွေကို အရောင် ၅ မျိုးနဲ့ ပုံဖော်ထားပါတယ်။ အနောက်ဘက်ဟာ iPhone 11 Pro နဲ့ ဆင်တူပြီး ကင်မရာ ၂ လုံးကို စတုရန်းဘောင်ထဲမှာ ထည့်ထားပါတယ်။ Flash Module ၁ ခုလည်း ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မပါတဲ့ အတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို သုံးနိုင်ပါတယ်။

Ref : gsmarena

Google Pixel 4 XL ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

%d bloggers like this: