တရုတ်မှာ သိန်း ၂ ထောင်ကျော်နဲ့ စာရင်းမှားတင်ထားတဲ့ Xiaomi Mi Mix Alpha

ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ Xiaomi Mi Mix Alpha မှာ နောက်ဆုံးပေါ် နည်းပညာတွေ ပါလာပါတယ်။ 108MP Main Camera နဲ့ ဖုန်းတစ်ခုလုံးကို ပတ်ထားတဲ့ မျက်နှာပြင် ဒီဇိုင်းတွေက အလန်းစား နည်းပညာတွေ ဖြစ်ပါတယ်။ နည်းပညာလန်းသလို ဈေးကလည်း မသေးပါဘူး။ ယွမ် ၁၉,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၄၀ ကျော်ပါတယ်။

သူ့ကို ဒီနှစ်ကုန်မှာ စတင် ထုတ်လုပ်မှာ ဖြစ်ပြီး ရောင်းဖို့အချိန်က လိုပါသေးတယ်။ ဒါပေမယ့် သူ့ကို တရုတ်က Tmall.com မှာ ရောင်းဖို့ စာရင်းတင်ထားပါတယ်။ ၉၉၉,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၂ ထောင်ကျော်ရှိပါတယ်။ ဒါဟာ ဈေးမှားတင်ထားတာ သေချာပါတယ်။ နဂိုဈေး သိန်း ၄၀ ကျော်ကိုတောင် မဝယ်နိုင်ပါဘူးဆိုမှ ဈေးလာမှားနေပါသေးတယ်။ 😛

Tmall.com မှာ “Buy Now” နဲ့ “Add to Cart” Buttons တွေက Active ဖြစ်နေပြီး ဒီဈေးနဲ့ ဝယ်ယူနိုင်နေပါပြီ။ မူလဈေးထက် အဆ ၅၀ တောင်ပိုများနေတာ ဖြစ်ပါတယ်။ အဲဒီဈေးနဲ့တော့ ဘယ်သူမှ ဝယ်မှာ မဟုတ်ပါဘူး။

Ref : gizmochina

တရုတ်မှာ သိန်း ၂ ထောင်ကျော်နဲ့ စာရင်းမှားတင်ထားတဲ့ Xiaomi Mi Mix Alpha

%d bloggers like this: