OnePlus 8 ရဲ့ ဓါတ်ပုံတွေထွက်လာပြီ

OnePlus 7T ကို ကြေညာထားတာ တစ်ပတ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း နောက်မျိုးဆက် OnePlus 8 ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ CashKaro နဲ့ OnLeaks တို့ရဲ့ ဓါတ်ပုံတွေအရ OnePlus 8 ဟာ လက်ရှိ OnePlus Phone တွေနဲ့ အရမ်းကို တူပါတယ်။ အဓိက ပြောင်းလဲမှု တစ်ခုက Notch နဲ့ Pop-up အစား Punch-hole Camera ပါလာတာ ဖြစ်ပါတယ်။

OnePlus 8 မှာ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာတာက ခေတ်မှီလာတဲ့ ဒီဇိုင်းပါ။ ၆.၅ လက်မ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး Pro မဟုတ်တဲ့ မော်ဒယ်မှာ မျက်နှာပြင်ကွေး တပ်ထားတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ ပေါက်ကြားသတင်းအရတော့ ဒါဟာ OnePlus 8 လို့ ဆိုပါတယ်။ Pro Model ရဲ့ ဓါတ်ပုံတော့ မထွက်လာသေးပါဘူး။
OnePlus 8 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ OnePlus 7T မှာလို စက်ဝိုင်းပုံသဏ္ဍာန် မဟုတ်ဘဲ ဒေါင်လိုက် ဒီဇိုင်းကို အသုံးပြုထားပါတယ်။ သူ့မှာ ကြိုးမဲ့အားသွင်းနည်းပညာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ ထုံးစံအတိုင်းဆိုရင်တော့ OnePlus 8 ကို တရားဝင်ကြေညာဖို့ ၆ လလောက်လိုပါသေးတယ်။ သူ့ရဲ့ သတင်းအချက်အလက်တွေကို လာမယ့်လတွေမှာ ပိုသိလာရတော့မှာပါ။

Ref : androidpolice

OnePlus 8 ရဲ့ ဓါတ်ပုံတွေထွက်လာပြီ

%d bloggers like this: