Google Pixel 4 နဲ့အတူ Pixel Buds 2 ကို ကြေညာနိုင်

Google က ၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး ကြိုးမဲ့နားကြပ် ဖြစ်တဲ့ Pixel Buds ကို ကြေညာခဲ့ပါတယ်။ AirPods နာမည်ကြီးနေချိန်မှာ သူ့ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင် နည်းပညာ ကုမ္ပဏီတွေက AirPods ကို လိုက်ဖိုက်မယ့် ကြိုးမဲ့ နားကြပ်တွေကို ထုတ်လုပ်ရောင်းချနေကြပါပြီ။

အခုတော့ Google က Pixel 4 Series တွေနဲ့အတူ Pixel Buds 2 ကိုပါ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ထုတ်ကုန်တွေကို ဒီလ ၁၅ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ Pixel 4 နဲ့ Pixel 4 XL တို့မှာ Motion Sense ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် Google Home Mini နဲ့ Nest WiFi အသစ်တွေကိုပါ မြင်ရမှာ ဖြစ်ပါတယ်။ Pixelbook Go ကိုလည်း ချပြနိုင်ပါတယ်။
ပထမမျိုးဆက် Pixel Buds မှာ Google Assistant ပါပြီး အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ပေးနိုင်ပါတယ်။ သုံးစွဲသူအနေနဲ့ ဖုန်းနဲ့အလွယ်တကူ ချိတ်ဆက်နိုင်မယ့်အပြင် သေးငယ်တဲ့ Battery Case ပါပါတယ်။ လည်တိုင်မှာတပ်ထားနိုင်တဲ့ နားကြပ်လို့ သတ်မှတ်နိုင်ပါတယ်။ လည်ပင်းမှာချိတ်ထားလိုက်ပြီး သင်နားနားကပ်လိုက်တာနဲ့ ဖုန်းနဲ့ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Pixel Buds ဟာကြိုးနဲ့ချိတ်ဆက်ပြီးလည်ပင်းမှာ ချိတ်ဆွဲထားလို့ Neckbuds လို့ဆိုနိုင်ပေမယ့် ပိုမိုကွဲပြားတဲ့လုပ်ဆောင် ချက်တွေကို ပေးစွမ်းပါတယ်။

Pixel Buds ရဲ့ စိတ်ဝင်စားစရာနောက်ထပ်အချက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ Google Translate ရဲ့ပေါင်းစပ်မှုနဲ့ မတူညီတဲ့ဘာသာစကားပေါင်း ၄၀ ကျော်ကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်တာပဲဖြစ်ပါတယ်။ သင့်ရဲ့နားပေါ်မှာလက်တချက်ဖိနှိပ်ပြီး ငါပြင်သစ်စကားမပြောတတ်လို့ ကူညီပေးပါအုံးဆိုတာနဲ့ စကားသံ(သို့)စာသားဖော်ပြပေးမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၅၉ နဲ့ ရောင်းချထားတာပါ။

Ref : gsmarena

Google Pixel 4 နဲ့အတူ Pixel Buds 2 ကို ကြေညာနိုင်

%d bloggers like this: