Google Pixel 4 နဲ့အတူ Pixel Buds 2 ကို ကြေညာနိုင်

[Unicode]

Google က ၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး ကြိုးမဲ့နားကြပ် ဖြစ်တဲ့ Pixel Buds ကို ကြေညာခဲ့ပါတယ်။ AirPods နာမည်ကြီးနေချိန်မှာ သူ့ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင် နည်းပညာ ကုမ္ပဏီတွေက AirPods ကို လိုက်ဖိုက်မယ့် ကြိုးမဲ့ နားကြပ်တွေကို ထုတ်လုပ်ရောင်းချနေကြပါပြီ။

အခုတော့ Google က Pixel 4 Series တွေနဲ့အတူ Pixel Buds 2 ကိုပါ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ထုတ်ကုန်တွေကို ဒီလ ၁၅ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ Pixel 4 နဲ့ Pixel 4 XL တို့မှာ Motion Sense ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် Google Home Mini နဲ့ Nest WiFi အသစ်တွေကိုပါ မြင်ရမှာ ဖြစ်ပါတယ်။ Pixelbook Go ကိုလည်း ချပြနိုင်ပါတယ်။

ပထမမျိုးဆက် Pixel Buds မှာ Google Assistant ပါပြီး အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ပေးနိုင်ပါတယ်။ သုံးစွဲသူအနေနဲ့ ဖုန်းနဲ့အလွယ်တကူ ချိတ်ဆက်နိုင်မယ့်အပြင် သေးငယ်တဲ့ Battery Case ပါပါတယ်။ လည်တိုင်မှာတပ်ထားနိုင်တဲ့ နားကြပ်လို့ သတ်မှတ်နိုင်ပါတယ်။ လည်ပင်းမှာချိတ်ထားလိုက်ပြီး သင်နားနားကပ်လိုက်တာနဲ့ ဖုန်းနဲ့ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Pixel Buds ဟာကြိုးနဲ့ချိတ်ဆက်ပြီးလည်ပင်းမှာ ချိတ်ဆွဲထားလို့ Neckbuds လို့ဆိုနိုင်ပေမယ့် ပိုမိုကွဲပြားတဲ့လုပ်ဆောင် ချက်တွေကို ပေးစွမ်းပါတယ်။

Pixel Buds ရဲ့ စိတ်ဝင်စားစရာနောက်ထပ်အချက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ Google Translate ရဲ့ပေါင်းစပ်မှုနဲ့ မတူညီတဲ့ဘာသာစကားပေါင်း ၄၀ ကျော်ကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်တာပဲဖြစ်ပါတယ်။ သင့်ရဲ့နားပေါ်မှာလက်တချက်ဖိနှိပ်ပြီး ငါပြင်သစ်စကားမပြောတတ်လို့ ကူညီပေးပါအုံးဆိုတာနဲ့ စကားသံ(သို့)စာသားဖော်ပြပေးမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၅၉ နဲ့ ရောင်းချထားတာပါ။

Ref : gsmarena

[Zawgyi]

Google Pixel 4 နဲ႔အတူ Pixel Buds 2 ကို ေၾကညာႏုိင္

Google က ၂၀၁၇ ခုနွစ္မွာ သူ႔ရဲ႕ ပထမဆံုး ႀကိဳးမဲ့နားၾကပ္ ျဖစ္တဲ့ Pixel Buds ကို ေၾကညာခဲ့ပါတယ္။ AirPods နာမည္ႀကီးေနခ်ိန္မွာ သူ႔ကို ေၾကညာလိုက္တာ ျဖစ္ပါတယ္။ အခုဆိုရင္ နည္းပညာ ကုမၸဏီေတြက AirPods ကို လိုက္ဖိုက္မယ့္ ႀကိဳးမဲ့ နားၾကပ္ေတြကို ထုတ္လုပ္ေရာင္းခ်ေနၾကပါၿပီ။

အခုေတာ့ Google က Pixel 4 Series ေတြနဲ႔အတူ Pixel Buds 2 ကိုပါ ေၾကညာမယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ ထုတ္ကုန္ေတြကို ဒီလ ၁၅ ရက္ေန႔မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Pixel 4 နဲ႔ Pixel 4 XL တို႔မွာ Motion Sense ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါ့အျပင္ Google Home Mini နဲ႔ Nest WiFi အသစ္ေတြကိုပါ ျမင္ရမွာ ျဖစ္ပါတယ္။ Pixelbook Go ကိုလည္း ခ်ျပႏုိင္ပါတယ္။

ပထမမ်ိဳးဆက္ Pixel Buds မွာ Google Assistant ပါၿပီး အခ်ိန္နဲ႔တစ္ေျပးညီ ဘာသာျပန္ေပးႏုိင္ပါတယ္။ သုံးစြဲသူအေနနဲ႔ ဖုန္းနဲ႔အလြယ္တကူ ခ်ိတ္ဆက္ႏိုင္မယ့္အျပင္ ေသးငယ္တဲ့ Battery Case ပါပါတယ္။ လည္တိုင္မွာတပ္ထားႏိုင္တဲ့ နားၾကပ္လို႔ သတ္မွတ္ႏိုင္ပါတယ္။ လည္ပင္းမွာခ်ိတ္ထားလိုက္ၿပီး သင္နားနားကပ္လိုက္တာနဲ႔ ဖုန္းနဲ႔ခ်ိတ္ဆက္ေပးမွာျဖစ္ပါတယ္။ Pixel Buds ဟာႀကိဳးနဲ႔ခ်ိတ္ဆက္ၿပီးလည္ပင္းမွာ ခ်ိတ္ဆြဲထားလို႔ Neckbuds လို႔ဆိုႏုိင္ေပမယ့္ ပိုမိုကြဲျပားတဲ့လုပ္ေဆာင္ ခ်က္ေတြကို ေပးစြမ္းပါတယ္။

Pixel Buds ရဲ႕ စိတ္ဝင္စားစရာေနာက္ထပ္အခ်က္တစ္ခုရွိပါေသးတယ္။ အဲ့ဒါကေတာ့ Google Translate ရဲ႕ေပါင္းစပ္မႈနဲ႔ မတူညီတဲ့ဘာသာစကားေပါင္း ၄၀ ေက်ာ္ကို တိုက္ရိုက္ဘာသာျပန္ေပးႏုိင္တာပဲျဖစ္ပါတယ္။ သင့္ရဲ႕နားေပၚမွာလက္တခ်က္ဖိႏွိပ္ၿပီး ငါျပင္သစ္စကားမေျပာတတ္လို႔ ကူညီေပးပါအုံးဆိုတာနဲ႔ စကားသံ(သို႔)စာသားေဖာ္ျပေပးမွာျဖစ္ပါတယ္။ ေဒၚလာ ၁၅၉ နဲ႔ ေရာင္းခ်ထားတာပါ။

Ref : gsmarena

%d bloggers like this: