Vivo ၏ ကမ္ဘာ့ပထမဆုံးသော 32MP Dual Pop-Up Selfie ရှေ့ကင်မရာပါ V17 Pro စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ပြသခဲ့

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သော Vivo မှ မြင့်မားသော နည်းပညာများဖြင့် ထုတ်လုပ်လျက်ရှိသည့် V Series ၏ နောက်ဆုံးမျိုးဆက် V17Pro စမတ်ဖုန်းသစ် မြန်မာနိုင်ငံ ဈေးကွက်အတွင်း မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ (အောက်တိုဘာလ ၂ ရက်နေ့) တွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ အနုပညာရှင်များ၊ သတင်းမီဒီယာများ၊ အထူး ဧည့်သည်တော်များနှင့် သုံးစွဲသူများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မိတ်ဆက်ပွဲ အခမ်းအနားသို့ Vivo ၏ Brand Ambassador များဖြစ်ကြသည့် နေခြည်ဦးနှင့် ဝိုင်းစုခိုင်သိန်း၊ အနုပညာရှင်များ ဖြစ်ကြသည့် နန်းစန္ဒာလှထွန်း၊ မေလသံစဉ်၊ Alice Ong၊ အုပ်စိုးခန့်တို့မှ တက်ရောက်ချီးမြှင့်ခဲ့ပြီး နာမည်ကျော်အဆိုတော်များဖြစ်သည့် ဟန်နေတာ (Eternal Gosh) နှင့် ဖြူဖြူကျော်သိန်းတို့က သီဆိုဖျော်ဖြေ ခဲ့ကြသည်။

အခမ်းအနားတွင် Vivo Myanmar နှင့် Facebook တို့မှ ပူးပေါင်းပြီး “Internet 1O1” ကို မိတ်ဆက်ပေးခဲ့သည်။ “Internet 1O1” ဆိုသည်မှာ လူအများကို အင်တာနက် ကောင်းမွန်စွာ အသုံးပြုနိုင်စေရန် ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာပေး အစီအစဉ်တစ်ခုဖြစ်ပြီးအင်တာနက်နှင့် ပတ်သက်၍ သိလိုသည့် မေးခွန်းများနှင့် အသုံးပြုပုံများ ကိုလည်း ကျွမ်းကျင်ကိုယ်စားလှယ်များကို မေးမြန်းနိုင်သည့် အစီအစဉ်ဖြစ်ပါသည်။ အခမ်းအနားတွင် Facebook မှ Head of Connectivity and Access Policy (APAC) ဖြစ်သူ Tenzin Norbhu မှလည်း မြန်မာလူထုအတွင်း ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးတက်လာစေရန် “Internet 1O1” အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Vivo ၏ အသစ်ထွက်ရှိလာသော V17 Pro စမတ်ဖုန်းသစ်သည် မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်ခြင်း မပြုလုပ်ခင်တည်းက လူအများကြားတွင် ရေပန်းစားနေခဲ့ပြီး စိတ်ဝင်စားနေသည့် စမတ်ဖုန်း ဖြစ်သည်။ ယနေ့ မိတ်ဆက်ခဲ့သည့် Vivo V17 Pro စမတ်ဖုန်းသစ်သည် ကမ္ဘာ့ပထမဆုံးသော (အသွင်း၊ အထုတ် ပြုလုပ်နိုင်သည့်) 32MP Dual Pop-Up Selfie ရှေ့ကင်မရာ ၂ လုံး၊ ကျောဖက် ကင်မရာ (၄) လုံးပါ AI သုံး Quad Camera စနစ် စသည့် ထူးခြားချက်များဖြင့် ထိပ်တန်းအဆင့်မြင့် စမတ်ဖုန်းတစ်ခု ဖြစ်သောကြောင့် ယနေ့ခေတ်လူငယ်များနှင့် စွမ်းဆောင်ရည် မြင့်မားပြီး စတိုင်လ်ကျလှပသော စမတ်ဖုန်းကို သုံးစွဲလိုသူများ အကြိုက်တွေ့မည့် စမတ်ဖုန်း တစ်ခုပင်ဖြစ်သည်။

Vivo V17 Pro စမတ်ဖုန်းသစ်၏ အဆင့်မြင့် 6.44 လက်မအရွယ် Full HD+ Super AMOLED Ultra FullviewTM မျက်နှာပြင်သည် 1080×2400 px ပုံထွက်နှုန်းရှိပြီး ဖုန်းကိုယ်ထည်နှင့် မျက်နှာပြင် အချိုးအစားမှာ ၉၁.၆၅ ရာခိုင်နှုန်း ရှိသဖြင့် အရောင်ကာလာ သေသပ်ပြီး ရင်သပ်ရှုမောဖွယ် ရုပ်ပုံများကို မြင်တွေ့ နိုင်မည်ဖြစ်သည်။ ဖုန်း၏ ရှေ့ဖက် မျက်နှာပြင်သည် အဆင့်မြင့် Schott Xensation UP အကာအကွယ် နည်းပညာ အသုံးပြု ဖန်တီးထားပြီး နောက်ဖက်မျက်နှာပြင်သည် 3D Curved Corning Gorilla Glass 6 ဖန်သားကို အသုံးပြု ဖုံးအုပ်ထားသဖြင့် မတော်တဆ ထိခိုက်ပွန်းပဲ့မှု ဒဏ်ဒံကို အထူးခံနိုင်စွမ်း ရှိသည်။

Vivo V17 Pro ၏ ထူးခြားချက်ဖြစ်သည့် ကမ္ဘာ့ပထမဆုံးသော (အသွင်း၊ အထုတ် ပြုလုပ်နိုင်သည့်) Dual Pop-Up Selfie Camera စနစ်တွင် 32MP ပုံထွက်နှုန်းရှိသည့် ပင်မကင်မရာနှင့် 8MP ပုံထွက်နှုန်းရှိသည့် Ultrawide Angle မြင်ကွင်းကျယ် ကင်မရာ ၂ လုံး တပ်ဆင်ပေးထားသည်။ နောက်ကျောဖက်၌ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားသည့် AI သုံး Quad Camera စနစ်ကို တွေ့မြင်ရမှာဖြစ်ပြီး 48MP ပုံထွက်နှုန်းရှိ Sony IMX582 ပင်မကင်မရာ၊ 2x Optical Zoom နှင့် 10x Digital Zoom ပါရှိသည့် 13MP Telephoto ကင်မရာ၊ 8MP Ultra-Wide Angle မြင်ကွင်းကျယ် ကင်မရာနှင့် 2MP Depth Sensor ကင်မရာတို့ ထည့်သွင်း တပ်ဆင်ပေးထားသည်။

ထို့ကြောင့် V 17 Pro တွင် ကင်မရာစုစု ပေါင်း ၆ လုံးပါဝင်လာပြီး Night Mode ကို အရှေ့ ကင်မရာနှင့် ကျောဖက် ကင်မရာတို့တွင် ထည့်သွင်းပေးထားသည့်အတွက် ရုပ်ထွက် ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ရိုက်ကူး နိုင်ရုံမက ညအချိန်တွင်လည်း အလင်းရောင်ကောင်းမွန် ပြတ်သားသည့် ပုံရိပ်များကို ရိုက်ကူးနိုင်မည်  ဖြစ်သည်။ ထို့အပြင် ကင်မရာ လုပ်ဆောင်ချက်အတွင်း Pose Master ဟုခေါ်သည့် Pose များကို အကြံပေးသည့် feature ထည့်သွင်းပေးထားသည့်အတွက် ပြီးပြည့်စုံသော ဓာတ်ပုံရိုက် ဝါသနာပါသည့် လူငယ်၊ လူကြီးများ အတွက် အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံးဖြစ်သည်။

Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin  က “ကျွန်တော်တို့ရဲ့ သုံးစွဲသူ ပရိသတ်တွေအတွက် ကမ္ဘာ့ပထမဆုံးသော 48M Dual Pop-Up Selfie Camera ပါဝင်လာတဲ့ Vivo V17 Pro ကို မြန်မာနိုင်ငံမှာ အခုလို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့တဲ့အတွက် အထူးကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ‘Clear As Real’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြတ်သားကြည်လင်တဲ့ ဓာတ်ပုံများကို ပေးစွမ်းနိုင်ပြီး ကိုယ်ထည်ကိုလည်း ဖန်သားနဲ့ 3D ဒီဇိုင်း ဖြစ်အောင် အနုစိတ် ပုံဖော်ဖန်တီးထားတဲ့အတွက် Vivo ချစ်သူများကို ကမ္ဘာ့အဆင့်မီ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု အတွေ့အကြုံတွေဆီ ခေါ်ဆောင်သွားနိုင်ခဲ့တဲ့ V17 Pro ဟာ Vivo ရဲ့ဂုဏ်ယူစရာ အကောင်းဆုံး လက်ရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ Vivo အနေနဲ့ ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေမှုရှိတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်လျက် ရှိနေပြီး နောက်ဆုံးပေါ် ပြောင်းလဲမှုနဲ့အတူ သုံးစွဲသူများအတွက် တမူထူးခြားတဲ့ စမတ်ဖုန်း သုံးစွဲခြင်းဆိုင်ရာ အတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့ အမြဲကြိုးစားနေပါတယ်။” ဟု ပြောကြား ခဲ့သည်။

Vivo V17 Pro တွင် တုန့်ပြန်မှုနှုန်းနှင့် မှတ်ဉာဏ်စွမ်းမြင့်မားသည့် Vivo ၏ မူပိုင်နည်းပညာသုံး မျက်နှာပြင်အောက် လက်ဗွေစနစ် (In-Display Finger Print) တပ်ဆင်ပေးထားသည်။ အတွင်းပိုင်းမှာတော့ Qualcomm Snapdragon 675 AIE Processor နှင့် RAM 8GB တို့ တပ်ဆင်ပေးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အထူးကောင်းမွန်ပြီး 128 GB သိုမှီးမှုပမာဏ ထည့်သွင်းပေးထားသည်။

ထို့ပြင် အချောမွေ့ဆုံး ဂိမ်းကစားမှု အတွေ့အကြုံများကို ရရှိစေမည့် Ultra Game Mode နှင့် Multi-Turbo များ ထည့်သွင်းထားပြီး Operation System ကို Android Pie အခြေခံ Funtouch OS 9.1 ကို ထည့်သွင်းပေးထားပါတယ်။ V17 Pro တွင် အသစ်ထပ်မံပါဝင်လာသည့် လုပ်ဆောင်ချက်ကတော့ PUBG ဂိမ်းကစား ရာတွင် အသင်းဖော်များနှင့် ဆက်သွယ်ပြောဆိုသည့် ဇာတ်ကောင်စကားသံ (Voice Changer) အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်ခြင်း ပင်ဖြစ်သည်။

ဘက်ထရီကတော့ 4100mAh အားရှိပြီး Vivo ရဲ့ မူပိုင်နည်းပညာသုံး အမြန်အားသွင်းစနစ် (18W Dual Engine Fast Charging) နှင့် Vivo စမတ်ဖုန်း ချစ်သူများ မျှော်လင့်စောင့်စားနေသည့် USB Type C ပါဝင်လာမည်ဖြစ်သည်။

Vivo V17 Pro စမတ်ဖုန်းကို Crystal Black (အနက်ရောင်) နှင့် Crystal Sky (အဖြူနှင့်အပြာ အရောင်ပြေး) အရောင် ၂ မျိုးဖြင့် လာမည့် အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ပြီး ၆၂၉,၈၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ရောင်းချပေးသွားမည်ဖြစ်သည်။ ကြိုတင်အော်ဒါ (Pre-Order) များကိုလည်း စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ အထိ ပြုလုပ်နိုင်သည်။ ကမ္ဘာ့ပထမဆုံးသော 48MP Dual Pop-Up Selfie ကင်မရာ အပါအဝင် ကင်မရာအသားပေး အထူးလုပ်ဆောင်ချက်များ၊ မြင့်မားသော စွမ်းဆော်ရည်တို့နှင့် V17 Pro သည် “Clear As Real” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဓာတ်ပုံဆရာများ၊ လူငယ်များနှင့် စမတ်ဖုန်းချစ်သူ ပရိသတ်များအတွက် ပြီးပြည့်စုံသော စမတ်ဖုန်းသစ်ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်ပါသည်

#VivoMyanmar

%d bloggers like this: