Screen Timeout ကို သတ်မှတ်လို့ရလာတဲ့ Xiaomi Mi Band 4

Xiaomi Mi Smart Band 4 ဟာ ဈေးချိုပြီး အလန်းစား လုပ်ဆောင်ချက်တွေ ပါတဲ့ အတွက် စမတ်လက်ပတ်တွေထဲမှာ နာမည်ကြီးပါတယ်။ သူ့ကို ရောင်းချပေးထားတာ လအနည်းငယ်ရှိပြီ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက Screen Off Timeout ကို သတ်မှတ်နိုင်တဲ့ လုပ်ဆောင်ချက်ကို Software Update ကနေ ထည့်သွင်းပေးလိုက်ပါတယ်။ ၅ စက္ကန့်ကနေ ၁၀ စက္ကန့်အတွင်းမှာ Screen Timeout ကို သတ်မှတ်နိုင်ပါတယ်။

Xiaomi က Custom Watchface အသစ်တွေကိုလည်း ထုတ်လုပ်ပေးလိုက်ပါတယ်။ ရေကူး အားကစားကို တိုင်းတာရာမှာ ပိုမိုတိကျအောင် ပြုလုပ်ပေးလိုက်ပါတယ်။ Firmware အသစ်ရဲ့ Version ဟာ 1.0.7.04 ဖြစ်ပြီး တူရကီမှာ ဖြန့်ချိပေးလိုက်ပါပြီ။ တခြား နိုင်ငံတွေမှာ မကြာခင် ရတော့မယ်လို့ ထင်ပါတယ်။

Mi Band 4 အတွက် အရောင်ခြောက်မျိုးထုတ်လုပ်ထားပါတယ်။ မီတာ ၅၀ အနက်အထိ ရေစိုခံတဲ့ စံနှုန်း ပါလာပါတယ်။ ရေကူးခြင်းကို တွက်ချက်တိုင်းတာပေးပါတယ်။ လက်ပစ်ကူး၊ လိပ်ပြာကူး၊ ပက်လက်ကူး စတဲ့ ရေကူးနည်းများကိုလည်း သူက နားလည်ပါတယ်။ လက်ပတ်ကို Bluetooth 5.0 ဖြင့် ဖုန်းနဲ့ချိတ်ဆက်နိုင်ပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် ရက် ၂၀ လောက် အသုံးခံပါတယ်။

Mi Band 4 မှာ နှလုံးခုန်နှုန်းတိုင်းတာတဲ့ ဆန်ဆာနဲ့ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းလို ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးဖို့ Six-Axis Accelerometer ပါပါတယ်။ သူ့မှာ ဝ.၉၅ လက်မ Color AMOLED Display ထည့်သွင်းထားပြီး 120x240p Resolution ဖြစ်ပါတယ်။ Mi Band 3 မှာတော့ ဝ.၇၈ လက်မ မျက်နှာပြင်ထည့်ထားပြီး 80x120p Resolution သာ ရှိပါတယ်။ အဲဒီအတွက် Mi Band 4 ရဲ့ မျက်နှာပြင်ဟာ ပိုမို တိုးတက်လာပါတယ်။ ၂၅ ဒေါ်လာသာ ရှိတဲ့အတွက် ဈေးသက်သာပါတယ်။

Ref : gsmarena

Screen Timeout ကို သတ်မှတ်လို့ရလာတဲ့ Xiaomi Mi Band 4

%d bloggers like this: