OPPO A9 2020 က ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးလား

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အောက်တိုဘာလ (၃) ရက် ။ ။ နေ့စဉ်ဘဝနဲ့ ကိုက်ညီပြီး လူငယ်တွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ့် OPPO A9 2020 စမတ်ဖုန်းကို OPPO Myanmar ကနေ စက်တင်ဘာလ (၂၉)ရက်နေ့ကနေစတင်ပြီး ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ ဒီဖုန်းမှာဆိုရင် mid range ဈေးကွက်ထဲမှာ ထူးထူးခြားခြား 48MP Main Camera၊ 8MP 119° Ultra Wide Angle Camera၊2MP Mono Camera၊ 2MP Portrait Camera ကင်မရာ (၄)လုံး နဲ့ပွဲထွက်လာတာဘဲ ဖြစ်ပါတယ်။

OPPO A9 2020 မှာပါဝင်လာတဲ့ 48MP Main Camera က ဓာတ်ပုံတွေရဲ့ resolution ကိုပိုမိုကောင်းမွန်စေသလို clarity ပိုင်းအရလည်းတိုးတက်လာတဲ့အတွက်ကြောင့် ရှင်းလင်းပြီး detail ကျတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုရှင်းလင်း တောက်ပတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်ဖို့အတွက် 1/2.25 size နဲ့အတူ အလင်းဝင်ပေါက် f/1.8 ပါဝင်ပြီး အသက်ရှုမှားလောက်စရာ ပုံထွက်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။
119° Ultra Wide Angle Lens ကိုလည်းထည့်သွင်ပေးထားတဲ့အတွက် ခရီးသွားတဲ့အခါဘဲဖြစ်ဖြစ်၊ မိသားစုတွေ သူငယ်ချင်းတွေနဲ့ Group Photo ရိုက်တဲ့အခါမှာ ပိုမိုလွယ်ကူစွာ ရိုက်ကူးနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် Night Mode 2.0 လည်း ပါဝင်ထားသလို Ulra Wide Angle Lens နဲ့လည်း ညဘက်ပုံတွေကို ရိုက်ကူးနိုင်တော့မှာ ဖြစ်တဲ့အတွက် ဘော်ဒါတွေနဲ့ ညဘက်အပြင်ထွက်ရင်း အကောင်းဆုံး အမှတ်တရတွေကို ဖန်တီးနိုင်တော့မှာပါ။

OPPO A9 2020 မှာ Ram 8GB အထိ ထည့်သွင်းပေးထားတာကြောင့် Mid Range ဖုန်းတွေထဲမှာဆိုရင် တော်တော်များတဲ့ ပမာဏတစ်ခုလို့ပြောလို့ ရပါတယ်။ Qualcomm ရဲ့ Snapdragon 665 chipset ကိုထည့်သွင်ပေးထားသလို PUBG လိုဂိမ်းတွေကစားတဲ့နေရာမှာ ထစ်သွားတာတွေ သေနတ်ပစ်နေတဲ့အချိန်မှာ recoil မထိန်းနိုင်တာတွေ မရှိတော့ဘဲ အဆင်ပြေ ချော့မွေ့စွာ ကစားနိုင်ဖို့အတွက် Game Boost 2.0 ကလည်း အကောင်းဆုံး ထောက်ပံ့ပေးထားပါတယ်။

OPPO A9 2020 မှာထည့်ပေးထားတဲ့ 5000 mAh ဘက်ထရီကလည်း “တစ်နေ့တာလုံး စိတ်ကြိုက်သုံး” ဆိုသလိုဘဲ အကြိုက်သုံးနိုင်တဲ့ အနေအထားဘဲ ဖြစ်ပါတယ်။ You Tube video တွေကြည့်တဲ့အခါမှာလည်း ၁၂နာရီနီးပါး ကြည့်နိုင်မှာ ဖြစ်သလို PUBG ဆော့ရင်လည်း ၈နာရီနီးပါး ဆော့နိုင်မှာဖြစ်တဲ့အတွက် gamer တွေရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒါ့အပြင် Frame Boost က ဂိမ်းကစားရာမှာ ဖုန်းကို အရမ်းပူတက်လာတာတွေကနေ ကာကွယ်ပေးမှာဖြစ်တဲ့အပြင် power စားတာကိုလည်း သက်သာစေတဲ့အတွက် 5000 mAh ဘက်ထရီနဲ့ပေါင်းလိုက်ရင်တော့ အကောင်းဆုံး Battery Performance ကို ရရှိစေမှာ ဖြစ်ပါတယ်။

OPPO A9 2020 မှာ အကောင်းဆုံး Dolby Atmos® sound effect တွေကို ခံစားနိုင်ဖို့အတွက် Dual Stereo speakers လည်း ထည့်သွင်းပေးထားတဲ့အတွက်ကြောင့် ဂိမ်းကစားချိန်မှာ နားကြပ်တပ်စရာတောင်မလိုဘဲ ဘက်ပေါင်းစုံကလာတဲ့ enemy တွေရဲ့ ခြေလှမ်းတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းနားထောင်တာတွေ movie ကြည့်တာတွေမှာလည်း Speaker နှစ်လုံးကြောင့် အသံအရည်အသွေးကောင်းကောင်းနဲ့ ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ ထို့အပြင် OPPO A9 2020 ရဲ့ Dual Stereo speakers ကို Music Party App နဲ့အတူ ဖုန်းတွေချိတ်ဆက်ပြီး Party လေးတစ်ခုတောင် ဖန်တီးနိုင်ပါသေးတယ်။

ဒီလိုမျိုး ကောင်းမွန်တဲ့အချက်တွေနဲ့ ပြည့်စုံနေတဲ့ OPPO A9 2020 စမတ်ဖုန်းလေးကို သမုဒ္ဒရာထဲက လှိုင်းတွေလို ဆန်းပြားတဲ့ Marine Green အရောင်၊ ခရမ်းရောင်နဲ့ အပြာရောင်တို့ကို ပေါင်းစပ်ထားပြီး တောက်ပနေတဲ့ Space Purple အရောင်တို့နဲ့ ရရှိနိုင်မှာ ဖြစ်ပြီး (၃၉၉,၉၀၀)ကျပ်တည်း OPPO အရောင်းကောင်တာတိုင်းမှာ ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ Power Bank နဲ့ Photo Frame ကိုလည်း လက်ဆောင်အနေနဲ့ထည့်ပေးဦးမှာဆိုတော့ လကုန် ဖုန်းလဲချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးလို့အကြံပြုလိုက်ပါတယ်။

OPPO A9 2020 က ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးလား

%d bloggers like this: