၈ နာရီ အသုံးခံတဲ့ Microsoft Surface Earbuds ကို ကြေညာ

Microsoft က Surface Event မှာ ထုတ်ကုန် အသစ်များစွာကို ကြေညာခဲ့ပါတယ်။ ကြိုးမဲ့ နားကြပ် ဖြစ်တဲ့ Surface Earbuds လည်း ပါဝင်လာပါတယ်။ Microsoft က ပြီးခဲ့တဲ့ နှစ်ကစပြီး Surface Headphones တွေနဲ့ ကြိုးမဲ့ နားကြပ်နယ်ပယ်ကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Surface Earbuds ရဲ့ ဘက်ထရီ သက်တမ်းက ၈ နာရီ ဖြစ်ပါတယ်။ Charging Case က ၂ ကြိမ် အားအပြည့်သွင်းပေးနိုင်တဲ့အတွက် စုစုပေါင်း ၂၄ နာရီ အသုံးခံပါတယ်။ နားကြပ်မှာ Android Fast Pair နဲ့ Windows Swift Pair တွေ ပါတဲ့ အတွက် စမတ်ဖုန်း၊ လက်ပ်တော့တွေနဲ့ လျှင်မြန်လွယ်ကူစွာ ချိတ်ဆက်နိုင်ပါတယ်။ Touch Gestures Or Voice နဲ့ ထိန်းချုပ်နိုင်ပါတယ်။

Directional Dual Mic Array ပါတဲ့အတွက် ဖုန်းပြောရင် အသံ ကြည်လင်ပြတ်သားပါတယ်။ Microsoft Office 365 မှာ စာရိုက်ဖို့အတွက် အသံကို အသုံးပြုနိုင်တာက အရမ်းမိုက်ပါတယ်။ ဒါ့အပြင် PowerPoint Slides တွေ ပြောင်းဖို့အတွက် Swipe လုပ်နိုင်ပါတယ်။ နားကြပ်က ဘာသာစကား ၆၀ ကျော်ကို ဘာသာပြန်နိုင်ပါတယ်။ ၂၄၉ ဒေါ်လာ သတ်မှတ်ထားတဲ့ အတွက် ဈေးကတော့ မသေးပါဘူး။ မြန်မာငွေ ၃၈၀,၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena

၈ နာရီ အသုံးခံတဲ့ Microsoft Surface Earbuds ကို ကြေညာ

%d bloggers like this: