RedmiBook 14 ကို ဥရောပမှာ ရောင်းတော့မည်

စွမ်းရည်လန်းပြီး ဈေးချိုတဲ့ ဖုန်းတွေကြောင့် Redmi ကို လူသိများကြပါတယ်။ ဒီနှစ်အစောပိုင်းမှာတော့ Redmi ဟာ လက်ပ်တော့ နယ်ပယ်ကိုပါ ခုန်ကူးလာပါတယ်။ သူ့ရဲ့ ပထမဆုံး လက်ပ်တော့က RedmiBook 14 ဖြစ်ပါတယ်။ အဲဒီ လက်ပ်တော့ကို လက်ရှိမှာ တရုတ်မှာပဲ ရောင်းပေးထားတာပါ။ အခုတော့ ဥရောပဈေးကွက်ကို ခြေဆန့်တော့မှာဖြစ်ပြီး မနေ့ကပဲ Eurasian Economic Commision (EEC) မှာ မှတ်ပုံတင်လိုက်ပါတယ်။

သူ့မှာ ၁၄ လက်မ Full HD Screen ပါပါတယ်။ Screen-to-body Ratio မှာ ၈၁.၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ 8th Gen Intel Core i5/i7 Processor , 8GB RAM များ ပါပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။

46W Battery ရဲ့ သက်တမ်းက ၁၀ နာရီ ဖြစ်ပါတယ်။ ၃၅ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တဲ့ လျှင်မြန်စွာ အားသွင်း နည်းပညာ ပါပါတယ်။ Core i5 , 8GB RAM , 256GB ပါတဲ့ မေ်ာဒယ်ကို ၅၇၈ ဒေါ်လာ၊ Core i5 , 8GB RAM , 512GB Storage ပါတဲ့ မော်ဒယ်ကို ၆၂၁ ဒေါ်လာ၊ Core i7, 8GB RAM , 512GB Storage ပါတဲ့ မော်ဒယ်ကို ၇၂၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

RedmiBook 14 specifications

• 14-inch (1920 x 1080 pixels) 16:9 display, 178° wide viewing angle, 250 nits brightness
• 1.8GHz Intel Core i7-8565U (8MB L3 Cache, up to 4.6GHz) / 1.6GHz Intel Core i5-8265U processor (6M Cache, up to 3.9GHz)
• 2GB GDDR5 NVIDIA GeForce MX250 graphics
• 8G DDR4 2133MHz RAM, 256GB / 512GB SATA SSD storage
• Windows 10
• WiFi 802.11ac 2×2 (2.4GHz and 5GHz), Bluetooth 5.0, 2 x USB 3.0 port, 1 x USB 2.0, HDMI
• Dimensions:323x228x17.95mm ; Weight:1.5kg
• 3.5mm headphone / microphone jack, Realtek ALC256M , 2x 1.5W speakers, DTS audio
• 46W battery with fast charging, up to 10h battery life

Ref : fonearena , gsmarena

RedmiBook 14 ကို ဥရောပမှာ ရောင်းတော့မည်

%d bloggers like this: