Microsoft က Laptop/Tablet ၂ မျိုးသုံး Surface Pro X ကို မိတ်ဆက်

Microsoft က Surface Event မှာ အလန်းစား ထုတ်ကုန် အသစ်တွေကို ပြသလိုက်ပါတယ်။ အဲဒီထဲမှာ Laptop/Tablet ၂ မျိုးသုံးနိုင်တဲ့ Surface Pro X လည်း ပါပါတယ်။ Tablet အတွက် ဖြုတ်၊ တပ်နိုင်တဲ့ ကီးဘုတ် ပါပါတယ်။ သူ့မှာ Surface SQ1 အမည်ရ Custom Qualcomm Chipset မောင်းနှင်ထားပါတယ်။ သူဟာ Surface RT နဲ့ Surface 2 တို့လို တန်ဖိုးနည်း Device တော့ မဟုတ်ပါဘူး။

သူ့မှာ ၁၃ လက်မ Display ထည့်သွင်းထားပြီး ဘေးဘောင်တွေ အရမ်းကို ပါးလွှာတာက ခေတ်ဆန်ပါတယ်။ ကိုယ်ထည်က Surface Pro နဲ့ အရမ်း တူပါတယ်။ ကီးဘုတ်မှာ Surface Slim Stylus ထည့်သွင်းနိုင်မယ့် အကန့်လေး ပါပြီး သံလိုက်နဲ့ ကပ်ထားနိုင်ပါတယ်။ ကီးဘုတ်ပါ အပါဆိုရင် ၈၀၀ ဂရမ်အောက် အလေးချိန်ရှိပြီး ၅.၃ မီလီမီတာ အထူ ရှိပါတယ်။ အားသွင်းရင် မြန်စေတဲ့ USB-C Port ပါပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာ ၉၉၉ ဒေါ်လာနဲ့ ရောင်းမှာပါ။ မြန်မာငွေ ၁၅ သိန်းလောက်ရှိပါတယ်။

ကီးဘုတ်မှာ တပ်ထားချိန်မှာ Stylus ကို ကြိုးမဲ့ အားသွင်းနိုင်တဲ့ စွမ်းရည် အသစ်ပါလာတာက မိုက်ပါတယ်။ Stylus ကို ကီးဘုတ်ကနေ ဖြုတ်လိုက်တာနဲ့ Software က တုန့်ပြန်ပေးမှာ ဖြစ်ပါတယ်။ AAAA Batteries တွေနဲ့ အားသွင်းဖို့ မလိုတော့တဲ့အတွက် အရင်မျိုးဆက်တွေထက် ပေါ့ပါးသွားပါတယ်။

Ref : gsmarena

Microsoft က Laptop/Tablet ၂ မျိုးသုံး Surface Pro X ကို မိတ်ဆက်

%d bloggers like this: