0 Shares 377 Views

တင်တဲ့ Post ကနေ ကိုယ်လိုအပ်တာအကုန်လုံးကို သိရှိနိုင်မယ့် Facebook ရဲ့ AI စနစ်သစ်

Jun 03, 2016
0 377

Facebook ဟာ သူတို့ရဲ့ နောက်ဆုံးထွက် လူလုပ်သိဥာဏ်တု AI စနစ် “DeepText” မိတ်ဆက်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ Post သန်းပေါင်းများစွာထဲက မတူညီတဲ့ ဘာသာစကား အမျိုး ၂၀အပေါ်မှာ အခြေခံပြီး ပြန်လည်ပြောဆိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာဆိုရင် မကြာမီမှာ ကုမ္ပဏီအနေနဲ့ သင့်ရဲ့ Profile နဲ့ တခြား Page တွေကနေတစ်ဆင့် သင့်ရဲ့ Post တွေ၊ Messages တွေနဲ့ တခြား Content တွေကနေ အခြေခံပြီး သင့်အတွက်အကူအညီဖြစ်စေမယ့်အရာကို အကြံပြုပေးတော့မှာဖြစ်ပါတယ်။

deeptext-sell

ဥပမာ သင့်အနေနဲ့ သင့်အနေနဲ့ ကားစီးချင်တယ်လို့ Status တင်တာ ဒါမှမဟုတ် သူငယ်ချင်းနဲ့ တစ်နေရာရာသွားချင်တာကိုစကားပြောနေတာဆိုရင် သင့်အတွက် လိုအပ်မယ့် Taxi Service တွေ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို အကြံပြုပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေနားလည်နိုင်မယ့် ဗန်းစကားတွေ၊ ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်တွေက AI တွေကို နားလည်စေဖို့အတွက် အခက်အခဲဖြစ်နိုင်လို့ Facebook အနေနဲ့ ဘယ်လိုပြုလုပ်မယ်ဆိုတာ စောင့်ကြည့်ရမှာပါ။

ဒါပေမယ့် ဒီလိုပြုလုပ်တာဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို ထောက်လှမ်းနေသလို ဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်။ အရင်တုန်းက Facebook ဟာ သူတို့ရဲ့ AI စနစ်တိုးတက်မှုတွေကို ထုတ်ဖော်ခဲ့ဖူးပြီး Facebook ဟာ ပိုမိုပျော်ရွှင်ဖွယ်ကောင်းပြီး ပိုမိုလုံခြုံတဲ့နေရာတစ်ခု ဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။

Ref: Engadget

 

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Leave a Comment

Most from this category