Snapdragon 855 Plus ပါတဲ့ Realme X2 Pro လာမည်

Snapdragon 730G Chipset ပါတဲ့ Realme X2 ကို ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက ဒါနဲ့တင် မကျေနပ်သေးဘဲ သူ့ထက်လန်းတဲ့ Xnapdragon 855 Plus ပါတဲ့ Pro Model ကို မကြာခင် ကြေညာတော့မယ် ထင်ပါတယ်။ ကုမ္ပဏီရဲ့ Chief Marketing Officer ဖြစ်သူ Xu Qi Chase က Snapdragon 855 Plus ပါတဲ့ ပထမဆုံး စွမ်းရည်မြင့် Realme Phone ကို မကြာခင်မှာ ကြေညာတော့မယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့ရဲ့ လျှို့ဝှက်နာမည်မှာ Super Warrior/Samurai ဖြစ်ပါတယ်။

Chase က ပို့စ်မှာ Realme X2 Pro Super Samurai စာသားကို ရေးသားထားပါတယ်။ ကုမ္ပဏီက Chipset ကိုပဲ အဆင့်မြှင့်ထားမလားဆိုတာ မသိရသေးပါဘူး။ Chase ရဲ့ ပို့စ်အောက်က ကွန်းမန့်မှာ Fans တွေက OPPO ဆီက 65W Fast Charging နဲ့ အနည်းဆုံး 4,500mAh Battery လိုချင်တယ်လို့ ရေးသားထားပါတယ်။ Fans တွေရဲ့ နောက်ထပ် တောင်းဆိုမှု တစ်ခုက အနီရောင် ဖြစ်ပါတယ်။ အဲဒီ အရောင်မျိုးကို ၂၀၁၈ ခုနှစ် သြဂုတ်လက ကြေညာခဲ့တဲ့ Realme 2 အတွက် ထုတ်ပေးခဲ့ဖူးပါတယ်။

Chase က စမတ်ဖုန်း ဈေးကွက်မှာ ထိပ်တန်းရောက်ဖို့ အတွက် အဲဒီ ဖုန်းက အရေးကြီးတယ်လို့ ပြောပါတယ်။ လူငယ်တွေ စိတ်လှုပ်ရှားစေမယ့် ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းဟာ တခြား Realme Phone တွေလို ဈေးချိုပါ့မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena

Snapdragon 855 Plus ပါတဲ့ Realme X2 Pro လာမည်

%d bloggers like this: